တူရကီ နိုင်ငံ အနှံ့ လျှပ်စစ် ပါဝါ ပြတ်တောက်

  • 31 မတ် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption လျှပ်စစ် ပြတ်တောက်လို့ ဆီဆိုင်အချို့မှာ လူတွေ တန်းစီ။

တူရကီ နိုင်ငံက ပြည်နယ် အတော်များများမှာ လျှပ်စစ် ပါဝါ ပြတ်တောက်မှု တွေနဲ့ ကြုံတွေ့ ခဲ့ရပြီး မြို့ကြီး အတော်များများမှာ ပို့ဆောင်ရေး စနစ်တွေ ရပ်တန့် ခဲ့ရပါတယ်။

လေကြောင်း ခရီးစဉ်တွေလည်း လွှဲပြောင်း ခဲ့ရပြီး မြေအောက် ရထားတွေနဲ့ ဓာတ်လှေကား တွေထဲမှာလည်း လူအချို့ ပိတ်မိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းဖက် တိုက်ခိုက်မှု အပါအဝင် လျှပ်စစ် ပြတ်တောက်မှုရဲ့ အကြောင်းရင်းတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ တူရီကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။

ဥရောပ ကုန်းမြေနဲ့ ဆက်သွယ် ထားတဲ့ လျှပ်စစ် လိုင်းတွေမှာ ပြတ်တောက်တာ ဖြစ်နိုင်တယ်လို့ တူရကီ အရာရှိတွေက ပြောပါတယ်။

အခုလို ပမာဏ ကြီးကျယ်တဲ့ လျှပ်စစ် ပါဝါ ပြတ်တောက်မှုဟာ တူရကီမှာ အဆိုးဆုံး ကြုံတွေ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ