ယာမောက် ဒုက္ခသည် စခန်းထဲ IS တွေ ဝင်ရောက်လာ

ဓာတ်ပုံ မူပိုင် AP
Image caption ယာမောက် စခန်းထဲမှာ ပါလက်စတိုင်း ဒုက္ခသည် တစ်သောင်း ရှစ်ထောင်လောက် ပိတ်မိနေဟုဆို။

ဆီးရီးယား နိုင်ငံ၊ ဒမာ့စကတ် မြို့တော်မှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည် စခန်း Yarmouk ထဲကို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS စစ်သွေးကြွတွေ ကျူးကျော် ဝင်ရောက် လာတယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ယာမောက် ဒုက္ခသည် စခန်းထဲက အဖွဲ့အချို့နဲ့ စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှု အချို့ ဖြစ်ပွား ခဲ့ပြီး၊ အခုတော့ စခန်းရဲ့ဧရိယာ အများစုကို IS စစ်သွေးကြွတွေက ထိန်းချုပ် လိုက်ပြီလို့ သတင်းတွေက ဆိုပါတယ်။

အဲဒီ ယာမောက် စခန်း ထဲမှာ ပါလက်စတိုင်း ဒုက္ခသည် တစ်သောင်း ရှစ်ထောင်လောက် ရှိတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

IS စစ်သွေးကြွ တွေဟာ ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသ တလျှောက်က နယ်မြေ အတော်များများကို သိမ်းပိုက် ထားဆဲ ဖြစ်ပါတယ်။

အခုလို မြို့တော် ဒမာ့စကတ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းထဲ အထိ IS အဖွဲ့က ဝင်ရောက် လာနိုင်တာဟာ ဆီးရီးယား သမ္မတ အာဆတ် လက်ထက် အတွင်း အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့ရဲ့ အဆိုးဆုံး ထိုးဖောက် ဝင်ရောက်မှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ