ကင်ညာ တက္ကသိုလ် တိုက်ခိုက်ခံရမှု လူ ၇၀ သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption ကျောင်းသား ၅၀၀ ကျော် ပျောက်ဆုံးနေဆဲ။

ကင်ညာနိုင်ငံ အရှေ့ မြောက်ပိုင်း၊ ဂါရစ်ဆာ Garissa မြို့က တက္ကသိုလ်ကျောင်း တစ်ကျောင်းကို အယ်လ်ရှာဘတ် လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက် စီးနင်း ခဲ့ရာမှာ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့တယ်လို့ ကင်ညာ အရာရှိတွေက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး လူ ၆၀ ကျော်လည်း ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီ တက္ကသိုလ်မှာ မွတ်ဆလင် မဟုတ်သူတွေ အလွန် များနေတာကြောင့် အခုလို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ အယ်ခိုင်ဒါနဲ့ ဆက်စပ်တဲ့ အဲဒီ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့က ပြောပါတယ်။

ဓားစာခံ ကျောင်းသားတွေထဲက မွတ်ဆလင်တွေကို ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်မှုကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ၅ ဦးက ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ