ကင်​ညာ​မှာ ဝမ်းနည်း​ဖွယ် ၃​ရက် ကြေညာ

  • 4 ဧပြီ 2015
kenya_victims_getty ဓာတ်ပုံ မူပိုင် Getty
Image caption အသက်ရှင် ကျန်ရစ်သူတွေကို နေရပ်ရင်း ကို ပြန်ပို့ခဲ့။

ကင်ညာ နိုင်ငံ ရဲ့ ဂါရစ်ဆာ တက္ကသိုလ် ကျောင်းဝန်းထဲ ကို အယ်လ်ရှာဘတ် သူပုန်တွေ စီးနင်း တိုက်ခိုက်ခဲ့ လို့လူပေါင်း ၁၅၀ နီးပါး သေဆုံး ခဲ့ရတဲ့ နောက် အခုဆို တနိုင်ငံလုံး ဝမ်းနည်း ပူဆွေး ဖွယ် ၃ ရက် အဖြစ် သမ္မတ အူဟူးရူး ကဲန်ယတ်တား က ကြေညာ လိုက်ပါတယ်။

ဒီလို တိုက်ခိုက်မှု တွေ ကို လက်နက်ကိုင် တွေ ကျုးလွန် နိုင်ဖို့ အတွက် စီစဉ် ပေးသူ တွေ၊ ငွေကြေးအရ ထောက်ပံ့ ပေးနေ သူ တွေ ဟာ ကင်ညာ ရဲ့ လူမှု့ အဖွဲ့အစည်း ထဲ မှာ နက်နက် ရှိုင်းရှိုင်း ပူးကပ် နေပြီ လို့ သမ္မတ ကဲန်ယတ်တား က ပြောပါတယ်။

မြို့တော် နိုင်ရိုဘီ က ရင်ခွဲရုံ ထဲ မှာ ရှိနေတဲ့ ရုပ်အလောင်း တွေ ကို သက်ဆိုင်ရာ မိဘ ဆွေမျိုး တွေ လာရောက် ကြည့်ရှု့ ခဲ့ကြပြီး၊ အရုပ်အလောင်း ၅၄ လောင်း ကို ဘယ်သူ ဘယ်ဝါ တွေ ဖြစ်ကြောင်း ခွဲခြား အတည်ပြု ထား နိုင်တယ် လို့ ကင်ညာ နိုင်ငံ ရဲ့ ကြက်ခြေနီ အဖွဲ့ က ပြောပါတယ်။

ဂါရစ်ဆာ ကျောင်းဝန်းထဲ အယ်လ်ရှာဘတ် တွေ က ၁၅ နာရီကြာ စီးနင်း ခဲ့မှု မှာ အသက်ရှင် ကျန်ရစ်ခဲ့ တဲ့ ကျောင်းသား တွေ ကို သူတို့ရဲ့ သက်ဆိုင်ရာ ဇာတိ မြို့ရွာ တွေ ကို ပြန်ပို့ ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ