ယီ​မင်​မှာ အပစ်​ရပ်​ပေး​ဖို့ တောင်း​ဆိုနေ

yemen_airattak ဓာတ်ပုံ မူပိုင် Reuters
Image caption ဆော်ဒီ ဦးဆောင်လုပ်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်နားပေးပါ ဆိုပြီး ရုရှား ပြောဆို။

ယီမင်နိုင်ငံ မှာ လက်ရှိ ဖြစ်ပေါ် နေ တဲ့ အကြပ်အတည်း နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူ ခဲ့တာ မှာ အရပ်သား တွေ ကို ကယ်ထုတ် နိုင်ဖို့ တိုက်ပွဲ တွေ ရပ်တန့် ပေးထား ပါ ဆိုပြီး ရုရှား က တောင်းဆို လိုက်ပါတယ်။

လူသားခြင်း စာနာ နားလည်တဲ့ အထောက်အပံ့ တွေ ပြုမူ နိုင်ဖို့ ယီမင် နိုင်ငံ ထဲက ရှီအာသူပုန် ဟူသီ တွေ ကို ပစ်မှတ် ထား တိုက် ခိုက် နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် ပြုလုပ် နေတဲ့ မဟာမိတ် အဖွဲ့ ရဲ့ လေကြောင်း တိုက်ခိုက် မှု တွေ ကို ရပ်နား ထား ဖို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား လက်ထောက် သံအမတ် Vladimir Safronkov က တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဒီ အရေးပေါ် အစည်းအဝေး ကနေ ချမှတ်ထား တဲ့ ဆုံးဖြတ်ချက် မူကြမ်း ထဲ မှာလည်း ယီမင် နိုင်ငံ အတွင်း အရပ်သား တွေ ဒုက္ခရောက် နေတဲ့ အပေါ် စိုးရိမ်ကြောင်း ဖော်ပြထား ပါတယ် ဆိုပြီး လုံခြုံရေး ကော်စီ ရဲ့ လက်ရှိ ဥက္ကဌ ကုလသမဂ္ဂ ဆိုင်ရာ ဂျော်ဒန် သံအမတ် Dina Kawar က ဆိုပါတယ်။

စောစောပိုင်း တုန်း ကလည်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က ၂၄ နာရီ အပစ်ရပ် ဖို့ ပန်ကြား ထားပြီး ကယ်ဆယ်ရေး ပစ္စည်း တွေ ကို ယီမင် နိုင်ငံ ထဲ ကို သယ်ယူခွင့် မပြုခဲ့ရင် အရပ်သား တွေ ပိုမို သေဆုံး လာနိုင်တယ် ဆိုပြီး ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ