အီစတာ ပွဲတော်နေ့မှာ ဂါရစ်ဆာမှာ သေဆုံးခဲ့ရသူတွေ အတွက် ဆုတောင်း

  • 5 ဧပြီ 2015
kenya ဓာတ်ပုံ မူပိုင် AP
Image caption အီစတာ ပွဲတော်နေ့ ဝတ်ပြုဆုတောင်းပွဲ

ကင်ညာနိုင်ငံမှာ ကျင်းပတဲ့ အီစတာ ပွဲတော်နေ့ ဝတ်ပြုဆုတောင်းပွဲတွေမှာတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂါရစ်ဆာ တက္ကသိုလ် တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေ အတွက် ဆုတောင်းခဲ့ကြပါတယ်။ ဒီနေ့ အခမ်းအနားတွေ ကျင်းပကြတဲ့ ဘုရားရှိခိုး ကျောင်းတွေ မှာလည်း လုံခြုံရေး အစောင့်တွေ ချထားကြပါတယ်။

ဂါရစ်ဆာ ဘုရားရှိခိုး ကျောင်းက ဘုန်းတော်ကြီး ဂျိုးဆက်ပ် အလက်ဆန်ဒရိုကတော့ ဒီလို တိုက်ခိုက်မှုမျိုးတွေက မထင်မှတ်ပဲ ဖြစ်လာတတ်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ထိတ်လန့်နေရတဲ့ အကြောင်း၊ နေ့စဉ်ဆိုသလို စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေတဲ့အကြောင်း ပြောပါတယ်။

အဲဒီဆုတောင်းပွဲတွေမှာ မွတ်စလင်မဟုတ်လို့ အဲလ်ရှာဘတ် စစ်သွေးကြွတွေရဲ့အသတ်ခံခဲ့ရသူ ၁၄၈ ဦးအတွက် ရည်ရွယ် ဆုတောင်းခဲ့ ကြတာ ဖြစ်ပါတယ်။ ကင်ညာပြည်ထဲရေး ဝန်ကြီး ဌာနကတော့ အဲဒီ သေနတ်သမားတွေထဲက တဦးဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက အစိုးရ ဝန်ထမ်းတဦးရဲ့ သားဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန်မှာ ဖခင်လုပ်သူက သားဖြစ်သူ ပျောက်ဆုံးနေကြောင်း သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။