ပုပ်ရဟန်းမင်းကြီး အီစတာပွဲတော် ဝတ်ပြု

  • 5 ဧပြီ 2015
vatican ဓာတ်ပုံ မူပိုင် Reuters
Image caption လူသောင်းချီ တက်တဲ့ ရဟန်းမင်း ဝတ်ပြုပွဲ

ပုပ်ရဟန်း မင်းကြီး ဖရန်စစ္စ က ဗာတီကန်မြို့ က စိန့်ပီတာ ရင်ပြင်မှာ ကျင်းပတဲ့ အီစတာ ပွဲတော်နေ့ ဝတ်ပြု ဆုတောင်းပွဲမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကင်ညာနိုင်ငံ မှာ တိုက်ခိုက် ခံရလို့ အသက် ဆုံးရှုံး ခဲ့ရသူ ကျောင်းသူ ကျောင်းသား တွေ အတွက် ဝတ်ပြု ဆုတောင်း ပေးခဲ့ပါတယ်။

ပုပ်ရဟန်း မင်းကြီး က ကမ္ဘာတဝန်း မှာ ခရစ်ယာန် ဘာသာဝင် တွေကို တိုက်ခိုက်မှု တွေနဲ့ ပတ်သက်လို့လည်း ရပ်ဆိုင်းကြ ဖို့ကို တောင်းဆို လိုက်ပါတယ်။

ပုပ်ရဟန်း မင်းကြီးက အရှေ့အလယ်ပိုင်း ဒေသနဲ့ တခြား နေရာတွေမှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို လည်း ရှုတ်ချ လိုက်ပါတယ်။

သူက ကမ္ဘာကြီးမှာ တိုက်ခိုက် သတ်ဖြတ်မှု တွေ သိပ်များနေတယ်လို့ ဆိုလိုက်ပြီး အရှေ့ အလယ်ပိုင်းက တိုက်ပွဲတွေကြား ပိတ်မိနေသူတွေ အတွက်လည်း ဆုတောင်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး က ဆီးရီးယားနဲ့ အီရတ်မှာ လက်နက်တွေကို စွန့်လို့ ငြိမ်းချမ်းမှုတွေ ပြန်ရဖို့ အတွက် ဆုတောင်းကြောင်း ၊ နိုင်ငံတကာ ကလည်း လက်ပိုက်ကြည့် မနေဘဲ အဲဒီနိုင်ငံတွေက လူမှုအကူအညီတွေ လိုအပ်နေသူ ဒုက္ခသည် တွေကို ကူညီ ပေးသွားဖို့ အတွက် တောင်းဆိုကြောင်း တွေ ဆုတောင်း ပြောကြား သွားခဲ့ပါတယ်။

အဲဒီဝတ်ပြုဆုတောင်းပွဲ တွေမစခင် မှာလည်း ပုပ်ရဟန်း မင်းကြီးဟာ ရင်ပြင်ပေါ်မှာ လာရောက် စောင့်ဆိုင်းနေကြသူ တွေကို သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ