ယီ​မင်​ထဲ ကယ်ဆယ်​ရေး ပစ္စည်း​တွေ ဝင်​နိုင်​တော့မယ်

  • 5 ဧပြီ 2015
yemen_evacuation ဓာတ်ပုံ မူပိုင် AP
Image caption ယီမင်မှာ ရှိနေတဲ့ မိမိတို့ နိုင်ငံသား တွေ ကို သက်ဆိုင်ရာ နိုင်ငံတွေ က ပြန်လည် ခေါ်ထုတ်နေ။

ယီမင် နိုင်ငံထဲ ကို ဆေးဝါး ထောက်ပံ့ရေး ပစ္စည်း တွေ နဲ့ အမှုထမ်း တွေ ပို့ဆောင်ဖို့ ခွင့်ပြုချက် ရရှိလာတယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က ပြောပါတယ်။

ယီမင် နိုင်ငံထဲ က ဟူသီ သူပုန်တွေ ကို ဆက်တိုက် ဆိုသလို တိုက်ခိုက် နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ စစ်ရေး မဟာမိတ် အုပ်စု နဲ့ အကြား သဘောတူ ညီမှု ရလာခဲ့ တဲ့ နောက် တနင်္လာ နေ့ မှာ ယီမင် နိုင်ငံ မြို့တော် ဆာနား ကို ထောက်ပံ့ရေး လေယာဉ် ၂ စင်း ဆင်းသက် နိုင်လိမ့် မယ် လို့ မျှော်လင့် ကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က ပြောခွင့်ရ Sitara Jabeen က ဆိုပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ကြားထဲ ကပဲ၊ ယီမင် တောင်ပိုင်း အေဒင် မြို့ မှာတော့ သမ္မတ Abdrabbuh Mansour Hadi အပေါ် သစ္စာခံ တဲ့ တပ်တွေ နဲ့ တိုက်ခိုက် နေကြတဲ့ ဟူသီစ် တွေ ဟာ နယ်မြေတွေ ပိုမို သိမ်း ပိုက် ရရှိ နေပါတယ်။

အခု ဆိုရင် မြို့လယ်ခေါင် က လမ်းမတွေ ပေါ် မှာ တိုက်ပွဲ တွေ ဖြစ်ပေါ် နေပြီး အေဒင် ဆိပ်ကမ်း ရှိရာဆီ ဟူသီစ် တွေ ရဲ့ သံချပ်ကာ ကားတွေ ရောက်ရှိလာ ပြီ လို့ သတင်းတွေ ထွက် ပေါ် နေပါတယ်။

တခါ၊ လုံခြုံရေး အရ လို့ဆိုကာ ယီမင် နဲ့ နယ်စပ် တလျှောက် မှာ ရှိတဲ့ ဆော်ဒီ အာရေဗျ ဘက်ခြမ်း က ကျေးရွာ ပေါင်း ၁၀၀ ကျော် ကို ဖျက်စီး ပစ်ဖို့ စီစဉ် ထားတယ် လို့ ဆော်ဒီ မီဒီယာ တွေ မှာ ဖော်ပြ နေပါတယ်။

ဖျက်စီးဖို့ သတ်မှတ် ထားတဲ့ အဲဒီ့ ကျေးရွာတွေ ဟာ ၂ နိုင်ငံကြား နယ်စပ်ဖြတ်ကျော် တင်းမာမှု တွေ ဖြစ်ပေါ် ခဲ့တဲ့ ၂၀၀၉ ခုနှစ် ကတည်းက၊ ရွာခံ တွေ က စွန့်ခွာ ခဲ့နှင့်ပြီး တဲ့ ရွာ အလွတ် တွေ ဖြစ်ပါတယ်။

အခု ယီမင် ပဋိပက္ခ လက်ရှိ ဖြစ်ပေါ်နေချိန် မှာ ယီမင် ဘက်ခြမ်း က သူပုန် တွေ နယ်စပ် ဖြတ်ကျော်ပြီး အဲဒီ့ ရွာလွတ် တွေ ထဲ ဝင်ရောက် နေရာ ယူမှာ ကို ဆော်ဒီ အာဏာပိုင် တွေ က စိုးရိမ် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ