တောင်ကိုရီးယား သင်္ဘော အမှုပြန်စစ်ဖို့ ဆန္ဒပြ

  • 6 ဧပြီ 2015
korea_ferry ဓာတ်ပုံ မူပိုင် AFP
Image caption ကူးတို့သင်္ဘော ပြန်ဆယ်ဖို့ စဉ်းစား

မနှစ်က လူသုံးရာ ကျော် နစ်မြုပ် သေဆုံး ခဲ့တဲ့ တောင်ကိုရီးယား ကူးတို့ သင်္ဘောကို ပြန်ဆယ် ဖို့ စဉ်းစားမယ် လို့ တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေး က ကတိပေး လိုက်ပါတယ်။

သေဆုံးသူ ကျောင်းသား တွေရဲ့ မိဘတွေ က ဒီ Sewol သင်္ဘော နစ်တဲ့ အမှုကို အမှန်အတိုင်း သိရအောင် စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆို နေကြပါတယ်။

မိဘ တွေက ကျောင်းသား တွေရဲ့ ဓာတ်ပုံတွေ ကိုင်ပြီး မိုင် ၂ဝ ကျော် ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး သင်္ဘော ဝန်ထမ်းတွေ အပါအဝင် လူ ၅ဝ ကျော်ကို တရားစွဲဆို စစ်ဆေး နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ