တစ်မိနစ်အတွင်း အားသွင်းနိုင်မယ့် ဘက်ထရီ ထီထွင်

  • 7 ဧပြီ 2015
ဓာတ်ပုံ မူပိုင် PA
Image caption အလူမီနီယံ ဘက်ထရီက တစ်မိနစ် အတွင်း အားပြန်သွင်း နိုင်တယ်လို့ ဆို။

တစ်မိနစ် အတွင်း အားပြန် သွင်းနိုင်မယ့် ဖုန်း ဘက်ထရီ နမူနာကို အမေရိကန် နိုင်ငံ၊ ကာလီဖိုးနီးယား ပြည်နယ်က သိပ္ပံပညာရှင်တွေက တီထွင် နိုင်ခဲ့ပါတယ်။

အလူမီနီယံနဲ့ ဂရပ်ဖိုက် တို့ကို အသုံးပြု ထားတဲ့ အဲဒီ ဘက်ထရီ နမူနာဟာ လက်ရှိ အသုံးပြုနေတဲ့ ဖုန်း ဘက်ထရီ တွေထက် ပိုစျေးပေါသလို ပိုပြီးလည်း စိတ်ချ ရတယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။

လက်ရှိ စမာ့တ် ဖုန်းတွေမှာ အသုံးပြုနေတဲ့ လစ်သီယံ အိုင်းယွန်း ဘက်ထရီတွေ၊ အစဉ်အလာ အသုံးပြုခဲ့တဲ့ အယ်လ်ကာလိုင်း ဘက်ထရီတွေထက် အခု ထွင်လိုက်တဲ့ အလူမီနီယံ ဘက်ထရီက ပိုကောင်းတဲ့ အားသာချက်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဖုန်းတွေမှာ လက်ရှိ အသုံးပြုနေတဲ့ လစ်သီယံ အိုင်းယွန်း ဘက်ထရီတွေဟာ မီးလောင်လွယ်ပြီး အခု ထွင်လိုက်တဲ့ အလူမီနီယံ ဘက်ထရီကတော့ ပိုမို တည်ငြိမ်ပြီး ပို စိတ်ချရတယ်လို့ သူတို့က ပြောပါတယ်။

အလူမီနီယံ ဘက်ထရီ နမူနာရဲ့ အဓိက ကျတဲ့ အားသာချက် ကတော့ အားပြန်သွင်းချိန် တစ်မိနစ်သာ ကြာတဲ့ အချက် ဖြစ်ပြီး ဘက်ထရီကို လိုအပ်သလို ကွေးနိုင် ဆန့်နိုင်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ