ကင်​ညာ အစိုးရ​က ဘဏ်​စာရင်း​တချို့​ကို ထိန်း​ချု​ပ်

  • 7 ဧပြီ 2015
_kenya_ ဓာတ်ပုံ မူပိုင်
Image caption အယ်ဘ်ရှာဘတ် တို့ လက်ချက် နဲ့ သေဆုံးခဲ့ရတဲ့ ဂရစ်ဆီယာ တက္ကသိုလ် ကျောင်းသား တွေ အတွက် သတိရခြင်း အခမ်းအနား တွေ ကျင်းပခဲ့။

ကင်ညာ နိုင်ငံ မှာ အကြမ်းဖက် ဝါဒ ကို ငွေကြေး အရ ထောက်ပံ့ နေသူ တွေ လို့ သံသယ ရှိရတဲ့ လူ ပုဂ္ဂိုလ် တွေ နဲ့ အဖွဲ့ အစည်း တွေ ရဲ့ ဘဏ် စာရင်း စုစုပေါင်း ၈၄ ခု ကို ထိန်းချုပ် လိုက်တယ် လို့ ကင်ညာ အာဏာပိုင် တွေ က ပြောပါတယ်။

အဲဒီ့ ဘဏ်စာရင်း တွေ နဲ့ သက်ဆိုင် တဲ့ နာမည် အသီးသီး ကိုလည်း အစိုးရ ရဲ့ စောင့်ကြည့် စာရင်းထဲ ထည့် လိုက်ပါတယ်။

ငွေကြေး တွေ ကို တရားမဝင် လွှဲပြောင်း ပေးတဲ့ လုပ်ငန်း ၁၃ ခု ကို လည်း ပိတ်ပင် ခဲ့ပါတယ်။

မိမိ တို့ ရဲ့ ဘဏ် အရေး ကိစ္စ တွေကို အစ္စလာမ် ဘာသာ တရား က သွန်သင် ထားတဲ့ နည်းနာ တွေ နဲ့ သာ လုပ် ဆောင် လိုသူ ကင်ညာ မွတ်ဆလင်မ် တွေ အနေနဲ့ လည်း ဗဟိုဘဏ်ရဲ့ စည်းမျဉ်း တွေ အတိုင်း လိုက်နာ ကြတဲ့ ငွေကြေး အဖွဲ့ အစည်း တွေ နဲ့ လုပ် ဆောင် ကြဖို့ ကင်ညာ အစိုးရ က တိုက်တွန်း ထားပါတယ်။

အယ်လ်ရှာဘတ် သူပုန် တွေ အနေနဲ့ တိုက်ခိုက် မှု တွေ ဆက်လက် မကျုးလွန် နိုင် ဖို့ အတွက် သူတို့ရဲ့ ဘဏ္ဍာရေး အထောက်အပံ့ တွေ ကို ဖြတ်တောက် နိုင်အောင် ကင်ညာ အစိုးရ က ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

အရင် သီတင်းပတ် က ဂရစ်ဆီယာ တက္ကသိုလ် မြို့ တက္ကသိုလ် မှာ ဖြစ်ပေါ် ခဲ့တဲ့ အယ်လ် ရှာဘတ် လက်နက်ကိုင် တွေ ရဲ့ တိုက်ခိုက် မှု ကြောင့် သေဆုံး ခဲ့ရသူ ၁၄၈ ဦး အတွက် ဝမ်းနည်း ပူဆွေးဖွယ် ၃ ရက် အဖြစ် ကင်ညာ နိုင်ငံ မှာ သတ်မှတ် ထားတာ မနေ့ က နောက်ဆုံး ရက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ