ယီမင် တိုက်ပွဲတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့

  • 7 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အေဒင်မြို့ လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ဆက်ရှိနေ။

ယီမင် နိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အစိုးရနဲ့ ဟွတ်သီ သူပုန်တွေ အကြား တိုက်ခိုက် မှုတွေကြောင့် လူပေါင်း ၅၅၀ နီးပါး သေဆုံး ခဲ့ပြီး၊ လူ ၁၇၀၀ လောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတင်း ထုတ်ပြန်လိုက် ပါတယ်။

ယီမင် နိုင်ငံရဲ့ အကျပ်အတည်း ပြဿနာဟာ ဘယ်လောက် ခက်ခဲ နက်နဲတယ် ဆိုတာကို ဒီကိန်းဂဏန်းတွေက ဖော်ပြ လိုက်တာလည်း ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေက စစ်ရေးအရ ထောက်ပံ့ ပေးထားတဲ့ ယီမင် သမ္မတ Mansour Hadi ရဲ့ တပ်ဖွဲ့တွေကို ဟွတ်သီ သူပုန်တွေနဲ့ သူတို့ မဟာမိတ် တွေက ရင်ဆိုင် တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

အေဒင် ဆိပ်ကမ်းမြို့မှာ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုချိန် အထိ အဲဒီမြို့က လမ်းတွေပေါ်မှာ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကာ အရပ်သားတွေ အတွက် သေရေးရှင်ရေး အန္တရာယ်တွေနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ