ဘော်​စ​တွန်​မာ​ရ​သွန် ဗုံး​ခွဲ​မှု​အတွက် ဆုံးဖြတ်ချက် ထွ​က်လာ

  • 8 ဧပြီ 2015
_boston_marathon_trial ဓာတ်ပုံ မူပိုင်
Image caption သေဒဏ်ချ မလားဆိုတာ နောက်သီတင်းပတ်မှာ ဆုံးဖြတ်မယ်။

အမေရိကန် ပြည်ထောင်စု မှာ ၂၀၁၃ ခုနှစ် က ဘော်စတွန် မြို့ မာရသွန် ပြေးပွဲ ကို ဗုံးခွဲ တိုက်ခိုက် ခဲ့သူ အဖြစ် အမှု ကြားနာ စစ်ဆေး ခံနေရ တဲ့ ဂျက်ခါး ဆာနားယက်ဗ် မှာ အပြစ်ရှိ ကြောင်း ဂျူရီ လူကြီး အဖွဲ့က ဆုံးဖြတ် လိုက်ပါ တယ်။

မစ္စတာ ဆာနားယက်ဗ် ကို သေဒဏ် ချမှတ် မလား ဆိုတာ ကိုတော့ လာမယ့် သီတင်းပတ် မှာ ဂျူရီ တွေ က ဆုံးဖြတ်သွား မှာ ဖြစ်ပါတယ်။

လူတွေ ကို အစုလိုက် အပြုံ လိုက် သေစေနိုင် တဲ့ လက်နက် ပစ္စည်း သုံးစွဲ မှု အပါအဝင် ၊ မစ္စတာ ဆာနားယက်ဗ် အပေါ် စွဲဆို ထားတဲ့ အမှု ၃၀ လုံး အတွက် အပြစ် ရှိတယ် လို့ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဘော်စတွန် မြို့ မာရသွန် ပြေးပွဲ ဗုံးကွဲ မှု အတွင်း လူ ၃ ဦး သေဆုံး ခဲ့ပြီး ရဲ အရာ ရှိ တစ်ဦး လည်း နောက်ပိုင်း ရက် အတန် အကြာမှာ ဒီ ဖြစ်ရပ် နဲ့ ဆက်စပ်ပြီး သေဆုံး ခဲ့ ရပါတယ်။

ဗုံးကွဲ ခဲ့အပြီး ရဲ တပ်ဖွဲ့ ကနေ အသေပစ်ခတ် ဖမ်းဆီး မိခဲ့တဲ့ အစ်ကို ဖြစ်သူ ထမလဲန်း ရဲ့ ခိုင်းစေမှု ကိုသာ ဂျက်ခါး ဆာနားယက်ဗ် က လိုက်နာ ခဲ့ရတာ ဖြစ်တယ် လို့ သူ့ရဲ့ ရှေ့နေ အဖွဲ့ က ကြားနာ စစ်ဆေး မှု တွေ ပြုလုပ် ခဲ့တုန်း က လျှောက်လဲ ခဲ့ကြပါ တယ်။

ဒါပေမယ့်၊ ချက်ချဲန် နွယ်ဖွား အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်တဲ့ ဂျက်ခါး ဆာနားယက်ဗ် ဟာ မွတ်ဆလင်မ် တွေ အပေါ် အမေရိကန် ပြည်ထောင်စု က လွန်ကျုး နေတယ် လို့ ယူဆ ထားပြီး အပြစ် ပေးချင် နေသူ တစ်ဦး ဖြစ်တယ် လို့ အစိုးရ ရှေ့နေ တွေက စွဲဆို ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ