ဟူသီ သူပုန်တွေ အေဒင် မြို့လယ်ကို ချဉ်းကပ် တိုက်ခိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ သစ္စာခံ တပ်တွေက ဟူသီ သူပုန် ထိုးစစ်ကို မဟန့်တားနိုင်။

ယီမင် နိုင်ငံ၊ တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အေဒင် မြို့မှာ ဟူသီ သူပုန်တွေနဲ့ သမ္မတရဲ့ သစ္စာခံ တပ်ဖွဲ့တွေ အကြား အသစ်တဖန် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွား နေတယ်လို့ သတင်းတွေ ရရှိပါတယ်။

အေဒင် မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ဟူသီ ခေါ် ရှီးယား မွတ်ဆလင် သူပုန်တွေက အစိုးရရဲ့ အမာခံ ဒေသ ဖြစ်တဲ့ မြို့လယ် ပိုင်းကို ချဉ်းကပ် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

မြို့လယ်က လူနေအိမ် အတော်များများ ဒုံးကျည် ထိမှန်ပြီး မီးလောင် ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟူသီ သူပုန်တွေကို ဆန့်ကျင် တိုက်ခိုက်ကြဖို့ ဗလီတွေက အသံချဲ့စက် တွေနဲ့ ပြောဆို သံတွေလည်း ထွက်ပေါ် နေပါတယ်။

ယီမင် အစိုးရကို ကူညီ ပေးနေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ကတော့ မြောက်ပိုင်းက သူပုန် ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက် ခဲ့ပါတယ်။

အစောပိုင်းကတော့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ကို လက်နက် ထောက်ပံ့ဖို့ အရှိန်မြှင့် လုပ်ဆောင် နေကြောင်း အမေရိကန်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ