မီလန်မြို့ တရားရုံးမှာ ပစ်ခတ်မှုဖြစ်၊ ၄ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption တရားရုံးထဲကို သေနတ် ဘယ်လို သယ်ဆောင် ခဲ့သလဲ ဆိုတာ မရှင်းလင်းသေး။

အီတလီ နိုင်ငံ၊ မီလန် မြို့က Palace of Justice တရားရုံးမှာ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အတွက် တရားသူကြီး တစ်ယောက်နဲ့ ရှေ့နေ တစ်ယောက် အပါအဝင် လူ ၄ ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်သူက Claudio Giardiello ဆိုသူ ဖြစ်ပြီး၊ သူဟာ မမှန်မကန် ဒေဝါလီ ခံမှုနဲ့ တရား ရင်ဆိုင် နေရသူ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သေနတ်သမား ပစ်ခတ်မှုကြောင့် တရားသူကြီး၊ ရှေ့နေနဲ့ အခြား လူတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦး ကတော့ နှလုံး ရောဂါကြောင့် သေဆုံး ခဲ့တယ်လို့ ယူဆ ရပါတယ်။

ဆိုင်ကယ်နဲ့ ထွက်ပြေး သွားတဲ့ သေနတ်သမားကို မီလန်မြို့ မြောက်ဘက်မှာ ဖမ်းမိခဲ့ပါတယ်။

တရားရုံးထဲကို သေနတ်နဲ့ ဘယ်လို ဝင်ရောက် နိုင်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ