မွမ်ဘိုင်း တိုက်ခိုက်မှု သံသယရှိသူ အာမခံနဲ့ လွတ်လာ

ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ Lakhvi ရဲ့ အမှုနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် ဆက်ဆံရေး ပိုမိုဆိုးရွားခဲ့။

၂ဝဝ၈ ခုနှစ်က အိန္ဒိယ နိုင်ငံ မွမ်ဘိုင်မြို့ တိုက်ခိုက်မှု တွေမှာ ကြိုးကိုင်ခဲ့ သူလို့ စွပ်စွဲ ခံရသူကို ပါကစ္စတန် နိုင်ငံ၊ လာဟိုးမြို့ တရားရုံးက အာမခံနဲ့ လွှတ်လိုက်တဲ့ အတွက် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် လာပါတယ်။

Zaki-ur-Rehman Lakhvi ကို ပါကစ္စတန်မှာ ၂ဝဝ၉ ခုနှစ်က ထောင်ချ ခဲ့တာ ဖြစ်ပါတယ်။

လူ ၁၆ဝ ကျော် သေဆုံးခဲ့ရတဲ့ ၃ ရက်တာ စီးနင်း တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အမှု ရင်ဆိုင် နေရသူ ၇ ယောက်ထဲမှာ သူက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

သူ့ကို ပြန်လွှတ်ပေးလိုက်လို့ အင်မတန် စိတ်ပျက် မိကြောင်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

အိန္ဒိယ လူမှု ကွန်ယက်တွေမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါသတကြီး ပြောဆို ရေးသား နေကြပါတယ်။

မစ္စတာ Lakhvi ကို လွှတ်ပေးဖို့ တရားရုံး ၃ ခုက အမိန့်ချ ထားခဲ့ပေမယ့် အခုလို လွှတ်မပေးခင် အချိန်အထိ ပါကစ္စတန် အစိုးရက ဆက်လက် ထိန်းသိမ်း ထားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Lakhvi ရဲ့ အမှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် ဆက်ဆံရေးကို ပိုမို ဆိုးရွား စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ