အို​ဘား​မား-ကက်စထ​ရို မျက်နှာချင်းဆိုင် တွေ့​ပြီ

  • 11 ဧပြီ 2015
obamacastro ဓာတ်ပုံ မူပိုင် EPA
Image caption ၂ နိုင်ငံကြား ခေါင်းဆောင် ၂ ဦး ရဲ့ နှစ်ပေါင်း ၆၀ နီးပါး မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ပွဲ။

အမေရိကန် သမ္မတ ဘာရက်ခ် အိုဘားမား နဲ့ ကျူးဘား သမ္မတ Raul Castro တို့ ပနားမား နိုင်ငံ မှာ မျက်နှာချင်းဆိုင် လူချင်း တွေ့ဆုံ စကား ပြောဆိုမှု ပြုလုပ် ခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ ၂ နိုင်ငံကြား ခေါင်းဆောင် ၂ ဦး နှစ်ပေါင်း ၆၀ နီးပါး မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ပွဲ ပဲ ဖြစ်ပါတယ်။

ပနားမား မှာ ပြုလုပ်နေတဲ့ အမေရိက တိုက်တလွှား က နိုင်ငံ တွေ ရဲ့ ထိပ်သီး ဆွေးနွေး ပွဲ ကို လာတက်ကြ ရင်း သီးခြား တွေ့ဆုံ ကြတာ ဖြစ်ပါတယ်။

အခု လို သမ္မတ တွေ ရဲ့ တွေ့ဆုံ မှု ကြောင့် ၂ နိုင်ငံ ကြား ၁၀ စုနှစ် များစွာ တင်းမာ နေခဲ့တဲ့ ဆက်ဆံ ရေး ဟာ ပုံမှန် ပြန်လည် ဆက်ဆံ နိုင်ဖို့ လမ်းပွင့် သွား စေပါတယ်။

ကျူးဘား နိုင်ငံ ဖွံဖြိုး စည်ပင် ဖို့ နဲ့ လုံခြုံ လွတ်လပ် ဖို့ ဆန္ဒ ထား ရှိ ကြောင်း သမ္မတ အိုဘားမား က ပြောခဲ့ သလို၊ သမ္မတ ကက်စထရို ကလည်း အမေရိကန် ပြည်ထောင်စု နဲ့ မိတ်ဆွေ အဖြစ် ဆက်ဆံရေး ထူထောင် ဖို့ တံခါး ဖွင့်ထား ကြောင်း ပြောပါတယ်။

ဒါပေမယ့် ၂ နိုင်ငံ ကြား ကွဲ ပြား မှု တွေ အများအပြား ရှိနေပြီး၊ အင်မတန် မှ ရှုပ်ထွေး ရှည်လျား လှတဲ့ အတိတ် သမိုင်း ကြောင်း တွေ လည်း ရှိ နေတယ် ဆိုပြီး တော့ လည်း သမ္မတ ကက်စထရို က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ