ဆို​မာ​လီ​ဒုက္ခ​သည်​တွေ နေ​ရပ်​ပြန်​ပို့​ရေး ကင်​ညာ​တော​င်းဆို

  • 11 ဧပြီ 2015
kenya_dadaab_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆိုမာလီ ဒုက္ခသည်တွေ ကို ကုလ က ၃ လအတွင်း တာဝန်ယူပြီး နေရပ်ရင်း ကို ပြန်ပို့ဖို့ ကင်ညာက ပြော။

ကင်ညာ နိုင်ငံ ထဲ ကို ရောက် နေတဲ့ သိန်း နဲ့ ချီတဲ့ ဆိုမာလီ ဒုက္ခသည် တွေ ကို ၃ လ အတွင်း နေရပ် ရင်း ကို ပြန်ပို့ ပေးပါ ဆိုပြီး ကုလ သမဂ္ဂ ကို ကင်ညာ ဒုတိယ သမ္မတ ဝီလျမ် ရူးတိုး က ပြောလိုက် ပါတယ်။

တကယ် လို့ ကုလ သမဂ္ဂ က လုပ် ဆောင် ဖို့ ပျက်ကွက် ခဲ့မယ် ဆိုရင် ကင်ညာ နိုင်ငံ အနေနဲ့ ကိုယ့် အစီအစဉ် နဲ့ ကိုယ် ဆိုမာလီ ဒုက္ခသည် တွေ ကို ပြန်လည် ပို့ဆောင် သွားမယ် လို့လည်း မစ္စတာ ရူးတိုး က ဆိုပါတယ်။

ဆိုမာလီယာ နယ်စပ် အနီး ကင်ညာ ဘက်ထဲ က Dadaab ဆိုတဲ့ အရပ် မှာ ဖွင့်ထား တဲ့ ဒုက္ခသည် စခန်း တွေ ကို ပိတ်ထား ဖို့ ဘယ်လို အမိန့် မျိုး မှ ရ မထား ဘူး ဆိုပြီး ကင်ညာ နိုင်ငံ မှာ ရှိတဲ့ ကုလ သမဂ္ဂ ရဲ့ ဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ ဒုက္ခသည် စခန်း တွေ ဟာ ဆိုမာလီ အစ္စလာမ်မစ် လက်နက်ကိုင် အယ်လ် ရှာဘတ် တွေ အတွက် လူသစ် တွေ စုဆောင်းရာ နေရာ တွေ ဖြစ်လာ နေတယ် ဆိုပြီး ကင်ညာ နိုင်ငံရေး သမား တချို့ က ပြော နေ ကြပါတယ်။

ဒီလို ပြောဆိုမှု အပေါ် ကုလသမဂ္ဂ က တော့ အပြင်းအထန်သည်တွေ ကို ကုလု့ဖို့ ငြင်းပယ် ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ