အမေရိကန်နဲ့ ကျူးဘား သမ္မတတို့ တွေ့ဆုံ ဆွေးနွေးမယ်

  • 11 ဧပြီ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ကျူးဘား တော်လှန်ရေး နောက်ပိုင်း ၂ နိုင်ငံ အကြား ပထမ အကြိမ် အဆင့် အမြင့်ဆုံး စေ့စပ် ညှိနှိုင်းမှု ဖြစ်မယ်

အမေရိကန် သမ္မတ ဘားရက် အိုဘားမားနဲ့ ဂျူးဘား သမ္မတ ရာဦး ကက်စထရို တို့ စနေနေ့ နှောင်းပိုင်း ပနားမားမှာ မျက်နှာ ချင်းဆိုင် တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၆၀ နီးပါး အတွင်း အမေရိကန် ကျူးဘား သမ္မတ ၂ ဦး ပထမဆုံး အကြိမ် မျက်နှာချင်း ဆိုင် တွေ့ဆုံ ဆွေးနွေး တာလည်း ဖြစ်ပါတယ်။

အမေရိကား နိုင်ငံများ ထိပ်သီး အစည်း အဝေးမှာ ခေါင်းဆောင် ၂ ဦး သီးခြား တွေ့ဆုံ ကြမှာ ဖြစ်ပြီး၊ ဒါဟာ ကျူးဘား တော်လှန်ရေး နောက်ပိုင်း ဝါရှင်တန်နဲ့ ဟာဗားနား အကြား ပထမဆုံး အကြိမ် အဆင့် အမြင့်ဆုံး စေ့စပ် ညှိနှိုင်းမှု အဖြစ်လည်း တွေ့ မြင် ရမှာ ဖြစ်ပါ တယ်။

မစ္စတာ ဘိုဘားမား ဘက်ကတော့ ကျူဘားမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုတွေ အတွက် ဆွေးနွေးဖို့ ရှိနေ ပါတယ်။

သမ္မတ ကက်စထရို ဘက်ကတော့ အမေရိကန်ရဲ့ ကျူးဘား အပေါ် ကုန်သွယ်ခွင့် ပိတ်ပင် ထားတာကို အဆုံးသတ် ဖို့နဲ့ ကျူးဘားကို နိုင်ငံတော် အဆင့် ပါဝင်တဲ့ အကြမ်းဖက်မှု စာရင်း ထဲ ထည့်သွင်း ထားတာကို အမေရိကန်က ပယ်ဖျက် ပေးဖို့ ကို တောင်းဆိုမှာ ဖြစ်ပါတယ်။

သောကြာနေ့ ကတော့ ခေါင်းဆောင် ၂ ဦး ခဏ တွေ့ပြီး လက်ဆွဲ နှုတ်ဆက်ကာ ချစ်ကြည် ရင်းနှီးစွာ စကား ပြောခဲ့ပြီ လည်းဖြစ်ပါတယ်။