ထိုင်းတောင်ပိုင်း ကမ်းခြေ ကားဗုံးပေါက်

  • 11 ဧပြီ 2015
thai ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံရေး မတည်ငြိမ်တဲ့ ထိုင်း လုံခြုံရေး စိုးရိမ်ရ

ထိုင်းနိုင်ငံ တောင်ပိုင်း နိုင်ငံခြားသား ကမ္ဘာ့လှည့် ခရီးသွားတွေ အလာများဆုံး နေရာ တခုဖြစ်တဲ့ ကော့စမွေ ကျွန်းမှာ ကားဗုံး တလုံး ပေါက်ကွဲ လို့ လူ ၇ ဦး ဒဏ်ရာ ရရှိ သွားပါတယ်။

ကျွန်းပေါ်က ရှော့ပင်မော် ကားရပ်နား စခန်းမှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး ဒဏ်ရာ ရသွားတဲ့အထဲမှာ ၁၂ နှစ်အရွယ် အီတလီနိုင်ငံသူ မိန်းကလေး လည်း ပါ၀င် ပါတယ်။

ဒီဗုံးခွဲ တိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အာဏာပိုင်တွေ ပြောတာ ကတော့ ကနဦး အထောက်အထား တွေ အရ ဒီကားဟာ အစ္စလာမ် သူပုန် ထနေတဲ့ တောင်ပိုင်း ပြည်နယ် တခု ကနေ ခိုးယူ လာတဲ့ ကား ဖြစ်နေတယ် လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရရော ခွဲထွက်မှုတွေ နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု သမိုင်းဖြစ်စဉ်တွေ ရှိပေမယ့် အခုလို ကော့စမွေ ဗုံးခွဲ တိုက်ခိုက်မှု လိုမျိုးက တော့ အင်မတန် ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ