အာမေးနီးယား လူမျိုးတုံးသတ်ဖြတ်မှုလို့ ပုပ်ပြော

  • 12 ဧပြီ 2015
pope ဓာတ်ပုံ မူပိုင် Reuters
Image caption အာမေးနီးယား သတ်ဖြတ်မှု နှစ် ၁၀၀ ပြည့်မှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး (ဝဲ)

အော့တိုမန် တူရကီအင်ပါယာလက်ထက်က အာမေးနီးယား ကက်သလစ်တွေကို သတ်ဖြတ်မှုဟာ ၂၀ ရာစုအတွင်း ပထမဆုံး လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်လို့ ရိုမန်ကက်သလစ်အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောလိုက်ပါတယ်။

ဒီသတ်ဖြတ်မှု နှစ်တစ်ရာပြည့် အခန်းအနားမှာ ပုပ်ရဟန်းမင်းကြီးက ပြောတာ ဖြစ်ပါတယ်။

အာမေးနီးယားတွေ သိမ်းကြုံးပြီးတော့ အသတ်ခံရပြီး အဲဒီထဲမှာ ကက်သလစ်တွေ၊ အော်သိုဒေါက့်စ်တွေ၊ အဆီးရီးယားတွေ၊ ဂရိတွေဟာ ကျားမ မရွေး၊ အသက်အရွယ်မရွေး အသတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

မကောင်းမှုကို ဖုံးကွယ်ငြင်းဆိုခြင်းဟာ ဒဏ်ရာကို ကုစားဖို့ ပျက်ကွက်တာသာ ဖြစ်တယ်လို့ ပုပ်ရဟန်မင်းကြီးက ဆိုပါတယ်။

ပုပ်ဖရန်စစ်က ပြီးခဲ့တဲ့ ၂ နှစ်တုန်းကလည်း အလားတူ မှတ်ချက်ပေးခဲ့ပြီး တူရကီနိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ဒါဟာ ပထမကမ္ဘာစစ်ကြောင့် ဖြစ်ရတဲ့ ပြည်တွင်းစစ်ကြောင့် သေရတာလို့ တူရကီက ပြောပါတယ်။

အာမေးနီးယားတွေအပြောအရ အဲဒီတုန်းက လူ တစ်သန်းခွဲလောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။