တူရကီ​က ဗာ​တီ​ကန်​နန်းတော် ဆိုင်​ရာ သံ​အမတ်​ကို ရုတ်​သိမ်း

  • 12 ဧပြီ 2015
pope_francis ဓာတ်ပုံ မူပိုင် bbc
Image caption အော်တိုမန်အင်ပါယာအောက် အာမေနီယန် တွေ ၁ သန်းခွဲ လောက် အသတ်ခံခဲ့ရတယ် လို့ ဆို။

တူရကီ နိုင်ငံ ဟာ ရောမ ကျောင်းတော် ခရစ်ယန် ဘာသာဝင် တို့ရဲ့ ပုပ်ရဟန်းမင်း ကြီး နေထိုင်ရာ ဗာတီကဲန် မှာ ထားရှိ တဲ့ သူတို့ ရဲ့ သံအမတ် ကို ပြန်လည် ခေါ် ယူလိုက် ပါတယ်။

အခုခေတ် တူရကီ နိုင်ငံ ရဲ့ အော်တိုမဲန် အင်ပိုင်ယာ လက်ထက် တုန်းက အာမေးနီးယဲန်း တွေ အစုလိုက် အပြုံ လိုက် အသတ် ခံခဲ့ရတာ ဟာ ၂၀ ရာစု ရဲ့ ပထမဆုံး လူမျိုးတုန်း သတ်ဖြတ် မှု ဖြစ်ပြီး အဲဒီ ဒဏ်ရာ တွေ ကို ကုသ ဖို့ မကြိုး စား တာဟာ မိစ္ဆာ တရား ဆိုတာ မရှိ ကြောင်း ငြင်းပယ် တာ နဲ့ အတူတူ ပဲ ဖြစ်တယ် လို့ ပုပ်ရဟန်းမင်း က ပြောခဲ့တဲ့ အတွက် အခုလို တူရကီ က သူတို့ ရဲ့ သံတမန် ကို ရုတ်သိမ်း လိုက် တာ ဖြစ်ပါတယ်။

အဲဒီလို ပြောဆိုတာ ဟာ အခြေအမြစ် ပြောဆိုမှု ဖြစ်ပြီး လက်ခံ နိုင်ဖွယ်ရာ မရှိဘူး လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မယ်ဗလုထ် ချာဗူ ရှောလူ က တုန့်ပြန် လိုက်ပါတယ်။

ပုပ်ရဟန်းမင်း ညွှန်းဆို ခဲ့တဲ့ အာမေးနီးယဲန်း တွေ သေဆုံး မှု ဟာ ပထမ ကမ္ဘာ စစ်ကြီး ပေါ် ပေါက် လာတာ ကနေ မီးမွှေး ပေး လိုက် တဲ့၊ လူမှု အသိုင်း အဝိုင်း တွေ အချင်းချင်းကြား ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ သာ ဖြစ်တယ် ဆို ပြီးတော့ တူရကီ ဘက် က ပြောပါတယ်။

ဒီ အဖြစ်အပျက် မှာ အာမေနီယန် လူမျိုး တသန်းခွဲ လောက်ထိ အသတ် ခံခဲ့ ရတယ် လို့ အာမေနီယန်း တွေ က ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ