တရုတ် စွမ်းအင် အရာရှိဟောင်း အဂတိမှု ဝန်ခံ

ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ Jiang Jiemin က တရုတ် နိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးကို ဦးဆောင်ခဲ့ဖူး။

တရုတ် နိုင်ငံမှာ နိုင်ငံပိုင် ကုမ္ပဏီကြီးတွေကို စီမံ ခန့်ခွဲရတဲ့ အဖွဲ့အစည်းကြီးရဲ့ အကြီးအကဲ ဟောင်းက သူ့အပေါ် စွဲဆို ထားတဲ့ အဂတိ လိုက်စားမှု စွဲချက်တွေကို ဝန်ခံ လိုက်ပါတယ်။

မစ္စတာ Jiang Jiemin ဟာ ၂၀၁၃ ခုနှစ်က နိုင်ငံပိုင် ကုမ္ပဏီကြီးတွေကို စီမံ ခန့်ခွဲတဲ့ အဖွဲ့အစည်းရဲ့ အကြီးအကဲ အဖြစ် ခန့်အပ်ခံရပြီး မကြာမီမှာပဲ တရုတ် အမျိုးသား ရေနံ အဖွဲ့အစည်း CNPC ရဲ့ အကြီးအကဲ ဘဝက လာဘ်စားမှု၊ အာဏာ အလွဲသုံးမှုတွေ အတွက် ဖမ်းဆီး စွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ကျန်းကျီမင်း ကို ကြားနာ စစ်ဆေးရာမှာ သူ့ရဲ့ ဝင်ငွေ လစာထက် အများကြီး တန်ဖိုး ပိုများတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီအတွက် ဝမ်းနည်းကြောင်းနဲ့ သူ့ကို အပြစ်က သက်ညှာဖို့လည်း မစ္စတာ ကျန်း ကျီမင်းက ပြောပါတယ်။

မစ္စတာ ကျန်း ကျီမင်းဟာ အဂတိ လိုက်စားမှု စွဲချက်တွေ ရင်ဆိုင်နေရသူ နောက်ထပ် အရာရှိကြီး တစ်ဦး ဖြစ်တဲ့ တရုတ် ပြည်တွင်း လုံခြုံရေးဆိုင်ရာ အကြီးအကဲဟောင်း ဖြစ်သူ Zhou Yongkang နဲ့လည်း နီးစပ်သူ ဖြစ်ပါတယ်။

တရုတ် သမ္မတ ရှီ ကျင်းပင် ၂၀၁၂ ခုနှစ်က အာဏာ ရလာခဲ့ပြီးနောက် တရုတ် ကွန်မြူနစ် ပါတီ အတွင်း အဂတိလိုက်စားမှုတွေ ကင်းစင်အောင် လုပ်မယ်လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ