ဂျာမန် စာရေးဆရာကြီး ဂွန်တာဂရပ်စ် ကွယ်လွန်

  • 13 ဧပြီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဂျာမန် တပ်ဖွဲ့မှာ အမှုထမ်းခဲ့တယ်လို့ မစ္စတာ ဂရပ်စ်က နောက်ပိုင်းမှာ ထုတ်ဖော်ခဲ့။

စာပေဆိုင်ရာ နိုဘယ်ဆုရှင် ဂျာမန် စာရေး ဆရာကြီး ဂွန်တာ ဂရပ်စ် Guenter Grass ဟာ အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

သူဟာ ပွင့်လင်းတဲ့ လက်ဝဲ သမား တစ်ယောက် ဖြစ်ပြီး နာဇီ ဝါဒ ပေါ်ထွန်းလာမှု၊ စစ်အတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ပြီး ကာလမှာ မျှမျှတတ ချိန်ဆ ရေးသား ဖော်ပြသူ အဖြစ် လူအများက ယူဆကြပါတယ်။

သူရဲ့ အပြောင်မြောက်ဆုံး လက်ရာ ဖြစ်တဲ့ The Tin Drum ဆိုတဲ့ စာအုပ်ဟာ နာဇီခေတ်အတွင်း ပျက်စီး ယိုယွင်းခဲ့တဲ့ ဂျာမန် စာပေ လောကအတွက် ခေတ်သစ်ကို ပြန်လည် လှမ်းဝင်ခဲ့တဲ့ လက်ရာ အဖြစ် ၁၉၉၉ ခုနှစ်က သူ့ကို နိုဘယ်ဆု ချီးမြှင့်စဉ် ချီးကျူး ခဲ့ကြပါတယ်။

ဂရွန်တာ ဂရပ်စ် ရဲ့ ဇာတိမြို့ ဖြစ်တဲ့ ဒန်းဇစ်မြို့ကို ဇာတ်လမ်း နောက်ခံထားတဲ့ အဲဒီ The Tin Drum စာအုပ်ကို ၁၉၅၉ ခုနှစ်မှာ ထုတ်ဝေ ခဲ့ပြီးနောက် ရုပ်ရှင် ပြန်ရိုက်ရာမှာလည်း အဲဒီ ရုပ်ရှင် အော်စကာဆု ရခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ ဂရွန်တာ ဂရပ်စ်က စစ်အတွင်း ဂျာမန် SS တပ်ဖွဲ့မှာ အမှုထမ်းခဲ့ကြောင်း ထုတ်ဖော် ခဲ့တဲ့အတွက် ဂျာမန် ပြည်သူတွေကို အံ့အားသင့် တုန်လှုပ် စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ