ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေ ဆက်ရှိနေ

ဓာတ်ပုံ မူပိုင် epa
Image caption အပစ်ရပ် သဘောတူ ထားပေမယ့် ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

ယူကရိန်း အရှေ့ပိုင်းမှာ အပစ်ရပ် သဘောတူညီချက်ကို လိုက်နာဖို့ သံတမန်ရေး ဆောင်ရွက်ချက် အသစ်တွေ ပြုလုပ်ခဲ့ပေမယ့် ယူကရိန်း အစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှား လိုလားသူ သူပုန်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား ခဲ့ပါတယ်။

သူပုန်တွေရဲ့ အဓိက ခြေကုပ်မြို့ ဖြစ်တဲ့ ဒွန်းညက်စ်မြို့ အနီးက အစိုးရ တပ်စခန်းတွေ ၂၆ ကြိမ် ပစ်ခတ် ခံခဲ့ရပြီး၊ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း အစိုးရ တပ်သား ၆ ယောက် ကျဆုံး ခဲ့တယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

သူပုန်တွေကလည်း အစိုးရ တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ သူပုန် တပ်သား တစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ ကတော့ ဂျာမနီ၊ ပြင်သစ်၊ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေ ဘာလင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တိုက်ခိုက်မှုတွေ ပြန်လည် တိုးမြှင့်လာမှု အတွက် အလွန် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြကာ ယူကရိန်း အရှေ့ပိုင်းက လက်နက်တွေ ပိုမို ရုပ်သိမ်းပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ