FARC သူပုန်တွေအပေါ် ကိုလမ်ဘီယာအစိုးရ လေကြောင်းစစ် ပြန်နွဲမယ်

  • 16 ဧပြီ 2015
Image caption ၤFARC သူပုန်တွေရဲ့ တိုက်ခိုက်မှုအတွင်း ကိုလမ်ဘီယာ အစိုးရ စစ်သား ၁၀ဦး သေဆုံးခဲ့

ကိုလမ်ဘီယာ နိုင်ငံ အနောက်ပိုင်း ကောင်ကာ ပြည်နယ်မှာ FARC သူပုန်တွေရဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး စစ်သား ၁၀ဦး သေဆုံးခဲ့အပြီးမှာ ကိုလမ်ဘီယာ သမ္မတ Juan Manuel Santos က FARC သူပုန်တွေအပေါ် လေကြောင်း တိုက်ခိုက်မှု ယာယီ ရပ်ဆိုင်းထားတာကို ပြန်စဖို့ အတည်ပြု ညွှန်ကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခတွေ ဆုံးခန်း တိုင်ရေးအတွက် သူ့ရဲ့ နိုင်ငံရေး အတိုက်အခံတွေ တောင်းဆိုနေသလို ညှိနှိုင်းမှုတွေကို စွန့်လွှတ်မယ့်အစား အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုနေတယ် ဆိုတာကို ဖေါ်ပြနေတယ်လို့ သမ္မတ Juan Manuel Santos က ပြောပါတယ်။

အစိုးရနဲ့ FARC သူပုန်အဖွဲ့ရဲ့ ညှိနှိုင်းရေး ကိုယ်စားလှယ်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကျူးဘားနိုင်ငံမှာ ဆက်လက် ပြုလုပ်နေချိန်မှာပဲ သူပုန်တွေဘက်က အပစ်အခတ် ရပ်စဲမယ်လို့ ထုတ်ဖော် ကြေညာခဲ့အပြီးမှာ အစိုးရက လွန်ခဲ့တဲ့ တလလောက်က လေကြောင်းတိုက်ခိုက်မှုတွေကို ယာယီ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။