လစ်ဗျား ဒုက္ခသည် သင်္ဘော လူရာချီ သေဆုံး

  • 15 ဧပြီ 2015
italy ဓာတ်ပုံ မူပိုင် epa
Image caption ပင်လယ်ဖြတ် ဒုက္ခသည်တွေ အီတလီ အာဏာပိုင် တွေ ကယ်ဆယ်

အီတလီ နိုင်ငံ မှာ ခိုလှုံ နေထိုင် ဖို့ လစ်ဗျား နိုင်ငံ ကနေ ထွက်လာ ကြသူ တွေကို တင်ဆောင် လာတဲ့ သင်္ဘော တိမ်းမှောက် သွား ခဲ့ပြီး လူ ၄ဝဝ လောက် ရေနစ် သေဆုံး ခဲ့တယ် လို့ ယူဆ ရပါတယ်။

သေဆုံးသူ အတော် များများ ဟာ ကလေးငယ် တွေ ဖြစ်ကြ တယ် လို့ တနင်္လာနေ့ သင်္ဘော နစ်မြုပ်မှု ကနေ အသက်ရှင် လွတ်မြောက် လာသူ တွေ က ပြောကြောင်း Save the Children ပရဟိတ အဖွဲ့ က ပြော ပါတယ်။

မြေထဲ ပင်လယ် ကို ဖြတ်ပြီး ဥရောပ နိုင်ငံ တွေ မှာ ခိုလှုံ နေထိုင်ဖို့ ကြိုးစားမှု တွေ တရှိန်ထိုး မြင့်တက် လာနေ ပြီး ခုရက်ပိုင်း အတွင်း ပင်လယ် ပြင် ကနေ လူ ရှစ်ထောင် လောက် ကို အီတလီ အာဏာပိုင် တွေ ကယ်ဆယ် ခဲ့ရပါတယ်။

နောက်တနေရာ မှာတော့ ပင်လယ်ပြင် မှာ ဒုက္ခရောက် နေသူတွေ ကို ကယ်ဖို့ ကြိုးစား ခဲ့တဲ့ အီတလီ ကမ်းခြေစောင့် သင်္ဘော နဲ့ နောက်သင်္ဘော တစင်း ကို လူမှောင်ခိုသမား တွေက လှမ်း ပစ်ခတ်မှု တွေ ရှိခဲ့တယ် လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ