နိုကီရာ ကုမ္ပဏီက ပြိုင်ဖက် ကုမ္ပဏီကို ဝယ်ယူ

ဓာတ်ပုံ မူပိုင် AFP
Image caption မိုဘိုင်း ပစ္စည်း ထုတ်လုပ်တဲ့ စျေးကွက်မှာ အဓိက ကုမ္ပဏီကြီး ဖြစ်လာဖို့ရှိ

ဖင်လန် နိုင်ငံ အခြေစိုက် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်တဲ့ Nokia က သူ့ထက် ငယ်တဲ့ ပြိုင်ဖက် ကုမ္ပဏီ ဖြစ်တဲ့ ပြင်သစ် အခြေစိုက် အယ်လ်ကာတယ် လုစန့် Alcatel-Lucent ကုမ္ပဏီကို ယူရိုငွေ ၁၅ ဒသမ ၆ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။

အခုလို သဘောတူညီချက်ကြောင့် Nokia ဟာ ကမ္ဘာ့ မိုဘိုင်း ဆက်သွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်တဲ့ စျေးကွက်မှာ အဓိက ကုမ္ပဏီကြီး တစ်ခု ဖြစ်လာတော့ မှာပါ။

ဒီ သဘောတူညီချက်ကြောင့် မိုဘိုင်း ပစ္စည်း ထုတ်လုပ်ရေး စျေးကွက်မှာ ဦးဆောင်နေတဲ့ ဆွီဒင် အခြေစိုက် Ericsson ကုမ္ပဏီထက် Nokia က အသာရသွားမယ့် အနေအထား အခိုင်အမာ ရှိတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

ဒီ မိုဘိုင်း ပစ္စည်း စျေးကွက်မှာ တရုတ်နိုင်ငံက Huawei ကုမ္ပဏီ ဟာလည်း နောက်ထပ် ပြိုင်ဖက် ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ