Sewol သင်္ဘောပျက် ဆယ်ယူဖို့ သမ္မတ ကတိပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖယ်ရီ နစ်မြုပ်ရာ အနီးက ဂျင်ဒို ဆိပ်ကမ်းမှာလည်း အမှတ်ရ အထိမ်းအမှတ် ပြုလုပ်ခဲ့။

တောင်ကိုရီးယား နိုင်ငံမှာ Sewol ဆေဝေါလ် ဖယ်ရီ သင်္ဘော နစ်မြုပ်ခဲ့တဲ့ တစ်နှစ်မြောက် နှစ်ပတ်လည် နေ့မှာ သမ္မတ ပါ့ခ်ဂွန်ဟေးလ်က အဲဒီ ဖယ်ရီ သင်္ဘောကို ပယ်လယ် ကြမ်းပြင်ကနေ ပြန်လည် ဆယ်ယူ သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။

တရားမဝင် ပြန်လည် ပြုပြင်ထားပြီး ဝန်ပို တင်ထားခဲ့တဲ့ အဲဒီ ဆေဝါလ် သင်္ဘော ဂျင်ဒို ကျွန်းအနီး နစ်မြုပ်မှုကြောင့် ကျောင်းသားငယ် အများစု အပါအဝင် လူ ၃၀၄ ယောက် သေဆုံး ခဲ့ရပါတယ်။

နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဒီနေ့ ကြာသပတေးနေ့မှာ အမှတ်ရ ပွဲတွေ ကျင်းပခဲ့ကြပြီး ဒေါသထွက်နေတဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်း တွေကတော့ ဆန့်ကျင်မှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

အခုချိန်အထိ အလောင်း ၉ လောင်း ပြန်မရသေးတဲ့ အတွက် သင်္ဘောပျက်ကို ဆယ်လိုက်ရင် အလောင်းတွေ ပြန်တွေ့နိုင်တယ်လို့ ကျန်ရစ်သူတွေက ပြောကြ ပါတယ်။

သင်္ဘောပျက် ဆယ်ယူမှုဟာ ဒေါ်လာ သန်း ၁၁၀ လောက် ကုန်ကျမှာ ဖြစ်တဲ့အတွက် အစောပိုင်းက အစိုးရက ဆယ်ယူဖို့ ငြင်းဆို ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ ကြာသပတေးနေ့မှာ သမ္မတ ပါ့ခ် ဂွန်ဟေးက ဂျင်ဒို သင်္ဘောဆိပ်မှာ မိန့်ခွန်း ပြောရာမှာ သင်္ဘာပျက်ကို ဆယ်ယူဖို့အတွက် မြန်နိုင်သမျှ အမြန်ဆုံး စတင် လုပ်ဆောင် သွားမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ