ဂျာမန်ဝင်းစ် လေယာဉ်အတွက် အမှတ်ရပွဲ ပြုလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption အမှတ်ရ ဆုတောင်းပွဲမှာ ဖယောင်းတိုင် ၁၅၀ ထွန်းညှိထားခဲ့။

ပြီးခဲ့တဲ့ လက ပြင်သစ် နိုင်ငံ၊ အဲလ်ပ် တောင်တန်းပေါ် ပျက်ကျခဲ့တဲ့ ဂျာမန်ဝင်းစ် လေကြောင်းပိုင် လေယာဉ်ပေါ် လိုက်ပါ သွားသူတွေ အတွက် ဂျာမနီ နိုင်ငံမှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ခဲ့ပါတယ်။

ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့က ခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်တဲ့ အဲဒီ အမှတ်ရ ဆုတောင်းပွဲကို လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ဆွေမျိုးတွေ အယောက် ၅၀၀ လောက် တက်ရောက် ခဲ့ကြပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် နဲ့အတူ ပြင်သစ်နဲ့ စပိန် နိုင်ငံတွေက ဝန်ကြီးတွေနဲ့ လေကြောင်း ကုမ္ပဏီက အရာရှိတွေလည်း တက်ခဲ့ကြပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၁၅၀ လုံး သေဆုံးခဲ့ရပြီး၊ လေယာဉ်ကို အဲလ်ပ် တောင်တန်းပေါ် ပျက်ကျအောင် တွဲဖက် လေယာဉ်မှူးက တမင် ထိုးချခဲ့တယ်လို့ ယူဆ ထားကြပါတယ်။

ဒီအဖြစ်အပျက်ကြောင့် တစ်နိုင်ငံလုံး တုန်လှုပ် ခြောက်ခြား နေဆဲပါလို့ ဂျာမန် သမ္မတ ယိုကင်မ် ဂေါ့ခ်က အခမ်းအနား တက်ရောက် သူတွေကို ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ