လစ်​ဗျား​ပြည်​တွင်း​စစ် ဖြေ​ရှင်း​ဖို့လို

  • 17 ဧပြီ 2015
matteo_renzi ဓာတ်ပုံ မူပိုင် Getty
Image caption ဝန်ကြီးချုပ် ရဲန်ဇီက လစ်ဗျား ပြည်တွင်းစစ် အရေး ကိုင်တွယ်ဖို့ ပြော။

အာဖရိက ဒေသက မြောက်များ စွာသော လူတွေ ဟာ ဥရောပ ကို ရွှေ့ပြောင်း ဝင်ရောက် နိုင်ဖို့ အသက်နဲ့ ရင်းပြီး မြေထဲ ပင်လယ် ကို ကျော်ဖြတ် နေကြတဲ့ ပြဿနာ ကို ဖြေရှင်း နိုင်ဖို့ ဆိုရင် လစ်ဗျား နိုင်ငံ အတွင်း ဖြစ်ပေါ်နေ တဲ့ ပြည်တွင်းစစ် ကို အဆုံးသတ် နိုင်မှ ဖြစ်မယ် ဆိုပြီး အီတလီ ဝန်ကြီးချုပ် မက်ထေးအိုး ရဲန်ဇီး က ပြောလိုက်ပါတယ်။

မြေထဲပင်လယ် ကို ကျော်ဖြတ် နေသူတွေ အများစု ဟာ ၊ လစ်ဗျား ကမ်းခြေ တွေ က ထွက်လာ နေကြတာ ဖြစ်ပါတယ်။

မြေထဲပင်လယ် ဟာ သင်္ချိုင်း သဖွယ် ဆက်လက် ဖြစ် မနေဖို့ ဆိုရင် လက်နက်ကိုင် အဖွဲ့ပေါင်းစုံ တိုက်ခိုက် နေကြတဲ့ လစ်ဗျား နိုင်ငံထဲ မှာ တည်ငြိမ် မှု ပြန်လည် ထူထောင် ဖို့ အရေး ကြီးဆုံးပဲ လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့တော် မှာ ရောက် နေတဲ့ မစ္စတာ ရဲန်ဇီ က ဆိုပါ တယ်။

အဲဒီ့ ရွှေ့ပြောင်း ဝင်ရောက် မှု ပြဿနာ ကို လျှော့ချ နိုင် ဖို့ ပထမ ခြေလှမ်း အနေနဲ့ လစ်ဗျား အကြပ်အတည်း ကို နိုင်ငံရေး အရ အဖြေရှာကြပါ ဆိုပြီး အမေရိကန် သမ္မတ အိုဘားမား ကလည်း တိုက်တွန်း လိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ