ပင်လယ်​ဖြတ်​ကူး​နေ​သူ​တွေ​ကို အကူအညီ ပိုမို​ပေး​ဖို့ ပုပ်​ရဟန်း​မင်း တိုက်​တွ​န်း

  • 18 ဧပြီ 2015
imigrants
Image caption ဒီသီတင်းပတ်ထဲမှာပဲ မြေထဲပင်လယ်ထဲ လှေမှောက်လို့ ၄၀၀ ကျော်သေခဲ့။

ဥရောပ ကို ရွှေ့ပြောင်း ဝင်ရောက် နိုင်ဖို့ အာဖရိက မြောက်ပိုင်း ကနေ မြေထဲပင်လယ် ကို အသက်နဲ့ရင်း ဖြတ်ကျော် နေသူ တွေ ကို ကမ္ဘာကြီး အနေနဲ့ အကူအညီ တွေ ပိုမို ပေးကြပါ ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က တိုက်တွန်း လိုက် ပါတယ်။

အခု သီတင်းပတ် ထဲမှာ ပဲ ပင်လယ် ပြင် မှာ လှေနစ် ပြီး လူ ပေါင်း ၄၀၀ ကျော် အသက် ဆုံးရှုံး ခဲ့ရတဲ့ နောက် ပုပ် ရဟန်းမင်း က အခုလို ပြောလာ တာ ဖြစ်ပါတယ်။

လူတွေ အများအပြား ကို ကယ်တင် ပေးခဲ့တဲ့ အီတလီ ကမ်းစောင့်တပ် ကို ပုပ်ရဟန်းမင်း က ကျေးဇူး တင် စကား ပြောပေမယ့်၊ အခု ဖြစ်ပေါ် နေတဲ့ ပြဿနာ ကို ဥရောပ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ပိုပြီး ကြီးကြီးမား ဆောင်ရွက် ပေးဖို့ လိုနေတယ် ဆိုပြီး တော့လည်း ပုပ် ဖရန်စစ် က ပြောပါတယ်။

အီတလီ ကလည်း ဒီလို ကယ်ဆယ်ရေး တွေ ဆောင်ရွက် နိုင်ဖို့ ဥရောပ သမဂ္ဂ အီးယူ ရဲ့ အကူအညီ အထောက်အပံ့ တွေ ပိုပြီး လိုအပ် နေတယ် လို့ ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် တဲ့ ပမာဏ လျှော့ချခဲ့ လို့ အီးယူ ဟာ အဝေဖန် ခံနေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ