မြေထဲပင်လယ်ထဲမှာ ရွှေ့ပြောင်း လာသူတွေ စီးလာတဲ့ရေယာဉ် တိမ်းမှောက်

  • 19 ဧပြီ 2015
migrants ဓာတ်ပုံ မူပိုင် AFP
Image caption ဘဝေကာင်းဖို့ ရွှေ့ပြောင်းကြသူများ

လစ်ဗျား ကမ်းရိုးတန်းက မြေထဲ ပင်လယ်ထဲမှာ ဥရောပတိုက်ဆီ ရွှေ့ပြောင်း လာကြသူတွေ စီးလာတဲ့ ရေယာဉ် တိမ်းမှောက် ခဲ့တာကြောင့် လူ ၆၅၀ ထက်မနည်း ရေနစ် သေဆုံး ခဲ့ကြမယ်လို့ ခန့်မှန်း နေကြပါတယ်။

တကယ်လို့သာ ဒီအရေအတွက် အတိုင်း ဖြစ်လာခဲ့ရင်တော့ ဒါဟာ ဥရောပဆီ ရွေ့ပြောင်းလာကြသူ အများဆုံး သေဆုံးရမှု တခု ဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာတော့ လူ ၅၀ ကို ကယ်တင်ထားနိုင်ပြီး ဖြစ်ပါတယ်။

သူတို့ စီးနင်းလိုက်ပါ လာတဲ့ ရေယာဉ်အနီးက ကုန်သင်္ဘော တစင်းအဖြတ်မှာ အဲဒီပေါ် တက်နိုင်ဖို့ လူတွေ အလုအယက် တဘက်ခြမ်းကို တိုးဝှေ့ခဲ့ကြလို့ တိမ်းမှောက် ခဲ့တာလို့ သတင်းတွေမှာဆိုပါတယ်။

အခုတော့ အီတလီနိုင်ငံပါ ပါဝင်ပြီး သင်္ဘော အစင်း ၂၀နဲ့ လေယာဉ်ပါသုံးပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေကြပါတယ်။