၄၆ ဘီလျံ မြှုပ်နှံဖို့ တရုတ် သမ္မတ ပါကစ္စတန် ရောက်ရှိ

ဓာတ်ပုံ မူပိုင် epa
Image caption တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကြောင့် ပါကစ္စတန် စီးပွားရေး တိုးတက်လာမယ်လို့ မျှော်လင့် ထားကြ။

တရုတ်နဲ့ ပါကစ္စတန် ၂ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ၂ ရက်ကြာ ခရီးစဉ် အဖြစ် တရုတ် သမ္မတ ရှီကျင်းပင် ပါကစ္စတန် နိုင်ငံကို ရောက်ရှိ နေပြီး အဲဒီမှာ ဒေါ်လာ ၄၆ ဘီလျံ တန်ကြေး ရှိမယ့် ရင်းနှီး မြှုပ်နှံမှု အစီအစဉ်တွေကို ကြေညာမယ်လို့ ယူဆရပါတယ်။

အဲဒီ ရင်းနှီးငွေ တွေကို တရုတ်နဲ့ ပါကစ္စတန် စီးပွားရေး လမ်းကြောင်း (CPEC) အဖြစ် နှစ်နိုင်ငံ အကြားက ကားလမ်း၊ ရထားလမ်းနဲ့ ပိုက်လိုင်း ကွန်ယက်တွေ တည်ဆောက်ရာမှာ အသုံးပြု သွားမှာ ဖြစ်ပါတယ်။

အဲဒီ စီးပွားရေး လမ်းကြောင်းဟာ ပါကစ္စတန် နိုင်ငံ၊ ဂွါဒါ မြို့ကနေ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ဒေသ အထိ ကီလိုမီတာ သုံးထောင်လောက် ရှည်လျားမှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းတွေအရ တရုတ် အနေနဲ့ အိန္ဒိယ သမုဒ္ဒရာအထိ ဖြတ်လမ်းကနေ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်ဟာ အာရှ အလယ်ပိုင်းနဲ့ တောင်အာရှ ဒေသတွေမှာ တရုတ်ရဲ့ စီးပွားရေး လွှမ်းမိုးနိုင်ဖို့ လုပ်ဆောင်တဲ့ အရေးပါတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ