ရွှေ့ပြောင်း ဝင်လာသူတွေ အရေး အီးယူ ဆွေးနွေး

  • 20 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တနင်္ဂနွေနေ့က စက်လှေ တစ်စီး နစ်မြုပ်ရာမှာ ၂၈ ဦးသာ အသက်ရှင်ခဲ့။

မြေထဲ ပင်လယ်ကို ဖြတ်ကူး လာကြတဲ့ ရွှေ့ပြောင်း လာသူတွေ အရေးနဲ့ ပတ်သက်ပြီး အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေ လူဇင်ဘတ် နိုင်ငံမှာ ဆွေးနွေး နေစဉ်မှာပဲ မြေထဲ ပင်လယ်ထဲက တခြား စက်လှေတွေ ဆီက အကူအညီ တောင်းခံမှုတွေ ဆက်လက် ထွက်ပေါ် နေပါတယ်။

လူ ရာနဲ့ချီ လိုက်ပါလာတဲ့ စက်လှေ အနည်းဆုံး ၂ စီးကို ကယ်တင်ဖို့ အတွက် အီတလီနဲ့ မော်လ်တာ နိုင်ငံတွေက လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့ ကလည်း စက်လှေ တစ်စီး မှောက်ခဲ့လို့ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ နိုင်တယ်လို့ ယူဆရပြီးနောက် ရွှေ့ပြောင်း ဝင်လာသူတွေ အရေးကို ဆွေးနွေးဖို့ အီးယူရဲ့ အစည်းအဝေး အစီအစဉ်ထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဝင်လာသူတွေ အတွက် ရှာဖွေ ကယ်ဆယ်ရေး အစီအစဉ် တွေကို လျှော့ချဖို့ မနှစ်တုန်းက ဆုံးဖြတ် ခဲ့တာနဲ့ ပတ်သက်ပြီး အီးယူရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဖိအားတွေနဲ့ ရင်ဆိုင် နေရပါတယ်။

အခုလို မြေထဲ ပင်လယ်ကို ဖြတ်ပြီး ဝင်လာကြသူတွေ အသက်ဆုံးရှုံး နေရတဲ့ ပြဿနာကို ကိုယ်တွယ် ဆောင်ရွက်ရမယ့် ကိစ္စဟာ စိတ်ဓာတ်ကောင်း ရှိသူတွေ အသိ စိတ်ဓာတ်နဲ့ လုပ်ရမယ့် တာဝန် ဖြစ်တယ်လို့ လူဇင်ဘတ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ မစမီမှာ အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ