အာ​မေ​နီ​ယန်​တွေ အတွက် အခမ်းအနား တူရကီ ကျ​င်းပပေးမယ်

  • 21 ဧပြီ 2015
akp_davutoglu ဓာတ်ပုံ မူပိုင် Reuters
Image caption အာမေးနီးယန်း တွေ သေဆုံးမှု ကို လူမျိုးတုန်း သတ်ဖြတ်မှု လို့ မသုံးစွဲ ဖို့ တူရကီ ဝန်ကြီးချုပ် ပြော။

တူရကီ နိုင်ငံ ရဲ့ အော်တိုမန် အင်ပါယာ ခေတ် လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက အသတ်ခံ ခဲ့ရတဲ့ အာမေနီယန် တွေ အတွက် အောက်မေ့ဖွယ် အခမ်းအနား တစ်ရပ်ကို အစ္စတန်ဘူလ် မြို့တော် မှာ ကျင်းပ ပေးမယ် ဆိုပြီး တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး က ပြောလိုက် ပါတယ်။

သူ့ အနေနဲ့ ကျန်ရစ် သူ အဆက်အနွယ် တွေ ရဲ့ နာကျင် မှု ဝေဒနာ ကို မျှဝေ ခံစား မိပါတယ် ဆိုပြီး တော့လည်း ဝန်ကြီးချုပ် ဒါဗူးတော်လူး က ဆိုပါတယ်။

ဒါပေမယ့် အာမေနီယန် တွေ အသတ်ခံ ခဲ့ရတဲ့ ဖြစ်ရပ် ကို လူမျိုးတုန်း သတ်ဖြတ် မှု အနေနဲ့ ရည်ညွှန်း မသုံးစွဲဖို့ မစ္စတာ ဒါဗူးတော်လူး က ပြောပါတယ်။

အဖြစ်အပျက် တစ်ခုလုံး ကို ဝေါဟာရ တစ်ခုတည်း နဲ့ ပုံဖော်ဖို့ ကြိုးစားတာ ဟာ အင်မတန် ပြဿနာ ရှုပ်ထွေး နိုင်တယ် လို့ ဝန်ကြီးချုပ် က ပြောပါတယ်။

ပထမ ကမ္ဘာ စစ် အတွင်း က အော်တိုမန် အင်ပါယာ အောက်မှာ အာမေးနီးယန်း ၁ သန်းခွဲ လောက် အထိ အသတ် ခံခဲ့ရတယ် လို့ သမိုင်း ပညာရှင် တွေ က ခန့်မှန်း ထားကြ ပါတယ်။

ဒီ အဖြစ်အပျက် ကို လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က အခုလ အစောပိုင်း တုန်း က ရည်ညွှန်း သုံးစွဲ ခဲ့တာ ကို တူရကီ အစိုးရ က ဒေါသတကြီး တုန့်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ