အကြမ်းဖက်မှု ၅ ခုကို ပြင်သစ် ထုတ်ဖော်နိုင်ခဲ့

ဓာတ်ပုံ မူပိုင် Reuters
Image caption ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်း အတိုက်ခံရပြီး နောက်ပိုင်း ပြင်သစ် လုံခြုံရေးတွေ တိုးမြှင့်ခဲ့။

ပြင်သစ် နိုင်ငံမှာ လတ်တလော လတွေ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၅ ခုကို ကြိုတင် ဖော်ထုတ် တားဆီး နိုင်ခဲ့တယ်လို့ ပြင်သစ် ဝန်ကြီးချုပ် မန်နျူရယ် ဗောစ် က ပြောလိုက် ပါတယ်။

ဒါဟာ ပြင်သစ် နိုင်ငံ အဖို့ သမိုင်းမှာ မကြုံဖူးတဲ့ အကြမ်းဖက် အန္တရာယ်နဲ့ ရင်ဆိုင် နေရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

နောက်ဆုံးအကြိမ် တားဆီး နိုင်ခဲ့တဲ့ အမှုကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပဲရစ်မြို့ အပြင်ဘက်မှာ ရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို အယ်လ်ဂျီးရီးယား နိုင်ငံသား တစ်ဦးက တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှု ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းနဲ့ ဂျူး စျေးတန်း တစ်ခု တိုက်ခိုက် ခံခဲ့ရလို့ လူ ၁၇ ဦး သေဆုံး ခဲ့ရပြီးနောက် ပြင်သစ် နိုင်ငံက လုံခြုံရေးတွေ တိုးမြှင့် ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံသား ဒါမှမဟုတ် ပြင်သစ်မှာ နေထိုင်သူ ၁၅၇၃ ယောက်ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ အဆက်အစပ် ရှိနေပြီး အဲဒီ အထဲက ၄၄၂ ယောက် ကတော့ ဆီးရီးယားမှာ ရှိနေတယ်လို့လည်း ပြင်သစ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ