နှုတ်ထွက်​မ​ပေး​နိုင်​ဘူး​လို့ ဘာလ်​တီ​မော​ရဲ​မင်းကြီး ငြင်း​ဆို

  • 25 ဧပြီ 2015
police_baltimore ဓာတ်ပုံ မူပိုင် AP
Image caption ဖရက်ဒီဂရေး သေဆုံးမှုကြောင့် ရဲ ၆ ဦးကို တာဝန်ကနေ လစာမဲ့ ဆိုင်းငံ့ထားတယ်လို့ ရဲအဖွဲ့ကပြော။

အမေရိကန် ပြည်ထောင်စု ဘော်လ်တီးမော မြို့တော် မှာ ရဲတွေ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ လူမည်းတစ်ဦး သေဆုံးသွား တဲ့ ဖြစ်ရပ် ဟာ ဘယ်လို မှ လက်သင့်ခံ ဖွယ်ရာ ကိစ္စ မျိုး မဟုတ် ဘူး ဆိုပြီး မြို့တော် ဝန် Stephanie Rowlings-Blake က ပြော လိုက်ပါတယ်။

ရဲ တွေ လက်ထဲ ရောက်ပြီး သီတင်းတစ်ပတ် အကြာ မှာ Freddie Gray ဆိုသူ ဟာ ကျောရိုးမကြီး မှာ ဒဏ်ရာ အပြင်းအထန် ရပြီး သေဆုံး ခဲ့ရပါတယ်။

ဒီ ဖြစ်ရပ် ကို အသေးစိတ် စုံစမ်း မှု တွေ ပြု လုပ်မယ်လို့ မြို့တော်ဝန် က ကတိ ပေး လိုက်ပါတယ်။

Freddie Gray ဟာ ဘာ့ကြောင့် အခုလို ဒဏ်ရာ ရ သေဆုံး ခဲ့ရသလဲ ဆိုတာ ကို ရဲတပ် ဖွဲ့ က ဖြေရှင်း ခက် မထုတ်ပြန် သေး ပေမယ့်၊ ဒီ ကိစ္စ နဲ့ ပတ်သက်လို့ ရဲ ဝန်ထမ်း ၆ ဦး ကို တာဝန် က နေ လစာမဲ့ ဆိုင်းငံ့ ထားတယ် လို့ ဆိုပါတယ်။

ရာထူးက ဆင်းပေးဖို့ တောင်းဆို ခံနေရတဲ့ ရဲကော်မရှင်နာ မင်းကြီး Anthony Batts က လည်း ဒီ ဖိအားပေးမှု တွေ ကို မလိုက်နာ နိုင်ဘူးလို့ ငြင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က Freddie Gray သေဆုံး ခဲ့မှု နောက်ပိုင်း ဘော်လ်တီးမော ရဲ့ လမ်းတွေ ပေါ် မှာ နေ့စဉ် လိုလို ချီတက် ပွဲ တွေ ဖြစ်ပေါ် လာခဲ့ပြီး လူမည်း လူငယ် လူရွယ် တွေဟာ ရဲ တပ်ဖွဲ့ ရဲ့ မမျှ မတ ဆက်ဆံ တာ ကို ခံနေရတယ် ဆိုပြီး ဆန္ဒပြ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ