နီပေါမြေငလျင် လူ ၁၀၀၀ နီးပါး သေဆုံး

  • 25 ဧပြီ 2015
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်းအား ၇.၉ ရှိပြီး မြို့တော့ ကက်မန်ဒူ နဲ့ ပို့ကရာမြို့ အကြား ဗဟိုပြု လှုပ်ခါ

နီပေါ နိုင်ငံမှာ အင်အား ပြင်းထန်တဲ့ မြေငလျင် လှုပ်လို့ အခု အချိန် အထိ လူ ၁၀၀၀ နီးပါး သေဆုံး ခဲ့ပြီး၊ နောက်ထပ် အများ အပြား လည်း အပျက် အစီးတွေ အောက် ပိမိ သေဆုံး သွားတယ်လို့ သိရပါတယ်။

ပြင်းအား ၇.၉ ရှိတဲ့ မြေငလျင် ဟာ မြို့တော့ ခတ္တမန္ဒူ နဲ့ ပို့ကရာ မြို့ အကြား ဗဟိုပြု လှုပ်ခါ သွားတာ ဖြစ်ပြီး သမိုင်းဝင် အဆောက် အဦး အများ အပြား လည်း ပျက်စီး ကုန်ပါတယ်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာလည်း နောက်တွဲ မြေငလျင်တွေ လှုပ်ခါ ခဲ့ပြီး အဲဒီ မှာတော့ ၁၃ ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။

ဒီငလျင်ဟာ နှစ်ပေါင်း ၈၀ ကျော် အတွင်း နီပေါမှာ အကြီးဆုံး လှုပ်တဲ့ ငလျင် ဖြစ်သလို ကမ္ဘာ့ အကြီးဆုံး ငလျင် တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အခု လှုပ်ခတ် ခဲ့တဲ့ နေရာဟာ လူနေ ထူထပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ခတ္တမန္ဒူ အခြေစိုက် သတင်းထောက် တွမ်ဘဲလ်က သူမြင်တွေ့ ရတာကို ပြောပြ ရာမှာတော့ ဘေးနား ဝန်းကျင် တွေမှာလည်း သစ်ပင်တွေဟာ ဟာရီကိန်း မုန်တိုင်း အတိုက် ခံရ သလိုမျိုး လှုပ်ခါ နေတယ်လို့ ဆိုပါတယ်။

နီပေါ ပြန်ကြားရေး ၀န်ကြီး ကလည်း အပျက် အစီး တွေဟာ မြို့တော်မှာ သာမက ဘေး ပတ်ဝန်းကျင်က မြို့ အတော် များများမှာ ပျက်စီး ဆုံးရှုံးမှု ကြီးကြီး မားမား ရှိတယ်လို့ ပြောပါတယ်။

အခု ချိန်ထိ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ သလို အပျက် အစီးတွေ ထဲမှာလည်း ကမ္ဘာ့ ရှေးဟောင်း အဆောက် အအုံတွေ ပါဝင် ပါတယ်။ အဲဒီ ထဲမှာ ဆိုရင် ကမ္ဘာ လှည့် ခရီးသွားတွေ အလာ များတဲ့ သက်တမ်း နှစ်ပေါင်း ၂၀၀ ကျော်ရှိ ဒါရာဟာရာ မျှော်စင် အဆောက် အအုံလည်း ပါဝင် ပါတယ်။

တချို့ အဆောက် အအုံတွေ ဆိုရင်လည်း မြေဇာပုံလို ဖြစ်နေပါတယ်။

ရဲနဲ့ စစ်သားတွေ အပါ အဝင် ကယ်ဆယ်ရေး လုပ်သား တွေလဲ အပျက် အစီး ပုံတွေထဲကို တူးဆွ ရှာဖွေနေ ကြပါတယ်။ အဆောက် အအုံတွေ ကြားမှာ ပိတ်မိ သူတွေလဲ အတော် များများ ကျန်နေ သေးတယ်လို့ သိရပါတယ်။

အပျက် အစီး ပုံတွေထဲ ကနေ အလောင်း တွေကို ဆွဲထုတ် နေကြ သလို အခုဆိုရင် ဖုန်း အလိမ်းလိမ်းနဲ့ အပျက် အစီး ကြားက အသက် မသေပဲ ထွက်လာကြ သူတွေ လည်း အများကြီး တွေ့ရ ပါတယ်။

ဒါဇင်နဲ့ ချီတဲ့ ဒဏ်ရာ ရတဲ့ သူတွေ ကိုလည်း ခတ္တမန္ဒူက အဓိက ဆေးရုံကြီး ဆီကို ခေါ်သွားကြ ပါတယ်။ ခတ္တမန္ဒူ လေယာဉ်ကွင်း မှာလည်း အပျက် အစီး ရှိတဲ့ အတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို အဟန့် အတား ဖြစ်တယ် လို့လည်း သိရပါတယ်။

နီပေါ အစိုးရ ကလည်း အခု ဆိုရင် ငလျင်ဒဏ် ခံရတဲ့ နေရာ တွေကို အရေးပေါ် ကြေညာ ထား ပါတယ်။