ပါ​ကစ္စ​တန် လူ့​အခွင့်​အရေး​ခေါင်းဆောင် အမျိုးသမီး အသ​တ်ခံရ

  • 25 ဧပြီ 2015
sabeen_large
Image caption လူ့အခွင့်အရေး တက်ကြွသူတွေ အတွက် T2F ရိပ်မြုံလေးကို ဖန်တီးပေးသူ။

ပါကစ္စတန် နိုင်ငံ မှာ လူ့ အခွင့်အရေး လှုပ်ရှား မှုတွေ ကို ဦးဆောင်သူ အမျိုးသမီး ဖြစ်တဲ့ Sabeen Mehmud ဟာ ကရာချီး မြို့တော် မှာ သေနတ် နဲ့ ပစ်သတ် ခံလိုက် ရပါတယ်။

ဘလူခက်စတန် ပြည်နယ် မှာ ဖြစ်ပေါ် နေတယ် ဆိုတဲ့ ညှင်းပမ်း နှိပ်စက် မှု တွေ၊ ဖမ်းဆီး ခေါ် ဆောင် သွားခံ ရမှု တွေ နဲ့ ပတ်သက်ပြီး ဆွေးနွေး ပွဲ တစ်ရပ် ကို ဦးဆောင် ကျင်းပ ခဲ့ရာ ကနေ ပွဲ အပြီး မိခင် နဲ့ အတူ အိမ်အပြန် လမ်း မှာ ဘယ်သူဘယ်ဝါ တွေ ဆိုတာ မသိရ တဲ့ သေနတ် သမား တွေ ရဲ့ တိုက်ခိုက်တာ ကို ခံလိုက် ရတာ ဖြစ်ပါတယ်။

Sabeen Mehmud ဟာ အသက် ၃၈ နှစ် အရွယ် ဖြစ်ပြီး၊ T2F ဆိုပြီး အသိများ တဲ့ လူ့အခွင့် အရေး နဲ့ ငြိမ်းချမ်းရေး ကို အားပေး ဆော်ဩ တဲ့ စာအုပ်ဆိုင် ကို ဦးဆောင် နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။

တက်ကြွ လှုပ်ရှားသူ တွေ နဲ့ ကျောင်းသား တွေ အတူတကွ စုဝေး ကြပြီး ပါကစ္စတန် ကြုံတွေ့ နေရတဲ့ စိန်ခေါ် မှု တွေ အကြောင်း လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေး နိုင် တဲ့ ကရာချီး မြို့ ပေါ် က ရှားရှားပါးပါး နေရာ တွေ ထဲ မှာ Sabeen Mehmud ရဲ့ စာအုပ်ဆိုင် ဟာ တစ်ခု အပါအဝင် ဖြစ်တယ် လို့ ဘီဘီစီ သတင်း ထောက် က ပြောပါတယ်။

အခု ဆိုရင် တွစ်တာ လို့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တွေ ပေါ် မှာ လူတွေ ဟာ Sabeen Mehmud အသတ် ခံရတဲ့ အပေါ် ဝမ်းနည်း ကြောင်း တွေ ရေးသား နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ