ဘောလ်တီးမိုး အရေးပေါ် အခြေအနေ ကြေညာ

  • 28 ဧပြီ 2015
baltimore ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲ အချုပ်မှာ သေဆုံး ခဲ့တဲ့ လူမည်း နာရေး မှာ အဓိကရုဏ်း စတင်

အမေရိကန် နိုင်ငံ ဘောလ်တီးမိုး မြို့မှာ အဓိကရုဏ်း ဖြစ်ပွားမှု ကြောင့် မေရီလန်း ပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေ ကြေညာပြီး အမျိုးသား ကာကွယ်ရေး တပ်ကို တပ်လှန့် ထားခဲ့ရပါတယ်။

ဒီလ ဆန်းပိုင်းက ရဲ အချုပ်မှာ သေဆုံး ခဲ့တဲ့ လူမည်း Freddie Gray ရဲ့ နာရေး မှာ အဓိကရုဏ်း စတင် ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူ တွေ ဘက်က ကျောက်တုံးတွေ၊ အုတ်ခဲတွေ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့လို့ ရဲ အရာရှိ အနည်းဆုံး ၇ ယောက် ဒဏ်ရာ ရတယ်လို့ ရဲ ဘက်က ပြောပါတယ်။

ဆိုင်တွေ လုယက် ဖျက်ဆီး ခံရပြီး ကားတွေလည်း မီးတင်ရှို့ ခံခဲ့ရ ပါတယ်။

ရဲက လူစု ကွဲအောင် မျက်ရည်ယို ဗုံးတွေ ငရုပ်ရည်တွေ သုံးပြီး လူစု ခွဲခဲ့ပါတယ်။

မစ္စတာ ဂရေး ကျောရိုး ဒဏ်ရာ နဲ့ သေဆုံး ရမှုကို မဖြေရှင်း နိုင်တဲ့ အတွက် လူမည်း တွေ အပေါ် ရဲ အင်အားသုံး ဖြိုခွဲမှု အပေါ် အမေရိကန် မှာ အကြီးအကျယ် အငြင်း ပွားမှုတွေ ပြန်ပေါ်ပေါက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ