စွပ်စွဲခံရလို့ တောင်ကိုရီးယား ဝန်ကြီးချုပ် နုတ်ထွက်

ဓာတ်ပုံ မူပိုင် AP
Image caption ရာထူးကနေ နုတ်ထွက် ခဲ့ပေမယ့် စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့။

တောင်ကိုရီးယား နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဆီက ရန်ပုံငွေတွေကို ဝန်ကြီးချုပ်က ရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ် လာပြီးနောက် ဝန်ကြီးချုပ်က ရာထူးကနေ နုတ်ထွက်လွှာ တင်ခဲ့ရာမှာ သမ္မတက လက်ခံလိုက်ပါတယ်။

ဒေဝါလီ ခံသွားရတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ အကြီးအကဲဟောင်း Sung Wan-Jong က ဝန်ကြီးချုပ် Lee Wan Koo ကို ဒေါ်လာ ၂ သောင်းခွဲကျော် ပေးခဲ့တယ်လို့ စွပ်စွဲ ခံရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရာထူးမှာ သက်တမ်း ၂ လသာ ရှိသေးတဲ့ မစ္စတာ လီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နုတ်ထွက်လွှာ တင်ခဲ့တာပါ။ ဒါပေမယ့် စွပ်စွဲချက် တွေကိုတော့ မစ္စတာ လီက ငြင်းဆို ခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ စီးပွားရေး သမား မစ္စတာ ဆွန်ရဲ့ အလောင်းမှာ ဝန်ကြီးချုပ်ရဲ့ နာမည် အပါအဝင် သူ ပိုက်ဆံ ပေးခဲ့သူတွေရဲ့ နာမည်တွေလို့ ဆိုတဲ့ နာမည် စာရင်းကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်ဟောင်း မစ္စတာ ဆွန်ဟာ နိုင်ငံရေး သမားတွေနဲ့ အစိုးရ အရာရှိတွေကို လာဘ်ထိုး ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် သူ့ကို စစ်မေးဖို့ အချိန် မတိုင်ခင် သူ့ကိုယ်သူ အဆုံး စီရင် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ