ဘော်လ်တီမိုးမှာ တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ချထား

ဓာတ်ပုံ မူပိုင် epa
Image caption တစ်ပတ်ကြာမယ့် ကာဖျူး အမိန့် ထုတ်ပြန်ထား။

အမေရိကန် နိုင်ငံ၊ ဘော်လ်တီမိုး မြို့မှာ လူမည်းတစ်ဦး အထိန်းသိမ်း ခံရစဉ် သေဆုံး ခဲ့ရာက အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် မြို့မှာ အစောင့် ချထားဖို့ ထောင်နဲ့ချီတဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပို့လွှတ် ခဲ့ပါတယ်။

တစ်ပတ် ကြာမယ့် ကာဖျူး အမိန့်ကိုလည်း ထုတ်ပြန် လိုက်ပြီး ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်ထား လိုက်ရပါတယ်။

ရာနဲ့ချီတဲ့ လူတွေဟာ တနင်္လာနေ့က အုံကြွ ဆူပူခဲ့ကြပြီး မြို့အနှံ့မှာ မီးရှို့မှုတွေ၊ လုယက်မှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

ဒီကနေ့ အင်္ဂါနေ့ မှာတော့ ဖျက်ဆီး ခံရတဲ့ နေရာတွေမှာ ရှင်းလင်းရေးတွေ လုပ်ဆောင် နေပါတယ်။

Freddie Gray လို့ ခေါ်တဲ့ အမေရိကန် လူမည်း တစ်ဦးဟာ ရဲလက်ဝယ် ထိန်းသိမ်း ခံထားရစဉ် ကျောရိုး ဒဏ်ရာ ရခဲ့ပြီးနောက် ဧပြီ ၁၉ ရက်နေ့မှာ သေဆုံး ခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ အသုဘမှာ အဓိကရုဏ်းတွေ စတင် ဖြစ်ပွား ခဲ့တာပါ။

သူ့ရဲ့ ကျောရိုးဒဏ်ရာ ဘယ်လို ရခဲ့သလဲ ဆိုတာကို စုံစမ်း စစ်ဆေး နေပြီး သူ့အမှုနဲ့ ပတ်သက်တဲ့ ရဲအရာရှိ ၆ ဦးကိုလည်း တာဝန်ကနေ ရပ်စဲ ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ