Sewol သင်္ဘော ကပ္ပတိန်ကို တစ်သက်တစ်ကျွန်း ချမှတ်

ဓာတ်ပုံ မူပိုင် epa
Image caption သင်္ဘော ကပ္ပတိန် လီဟာ ပြစ်ဒဏ်တွေ ပြောင်းလဲ ချမှတ်ခံရတဲ့ သင်္ဘောအဖွဲ့သား ၁၅ ဦးထဲက တစ်ယောက်ဖြစ်။

တောင်ကိုရီးယား နိုင်ငံမှာ မနှစ်က နစ်မြုပ်ခဲ့တဲ့ ဆေဝေါလ် သင်္ဘောရဲ့ ကပ္ပတိန်ကို အရင် ချမှတ်ထားတဲ့ ပြစ်ဒဏ်ထက် တိုးမြှင့်ပြီး အယူခံ တရားရုံးက လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် အထိ တိုးမြှင့် ချမှတ် လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက သင်္ဘော ကပ္ပတိန် Lee Joon-seok ကို တာဝန် ပေါ့လျော့မှုနဲ့ ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့တာ ဖြစ်ပေမယ့် လူသတ်မှုနဲ့ ပြစ်ဒဏ် မချတဲ့ အတွက် သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက အဲဒီအချိန်က ဒေါသထွက် ခဲ့ကြပါတယ်။

၂၀၁၄ ဧပြီလမှာ ဆေဝေါလ် သင်္ဘော နစ်မြုပ် ခဲ့စဉ်က ကျောင်းသားငယ် အများစု အပါအဝင် လူ ၃၀၀ ကျော် သေဆုံးခဲ့ ပါတယ်။

အယူခံ တရားရုံးက တခြား သင်္ဘာ အဖွဲ့သား ၁၄ ယောက် ကိုတော့ လျှော့ပေါ့တဲ့ ပြစ်ဒဏ်တွေသာ ချမှတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ