မြောက်ကိုရီးယား တစ်နှစ်အတွင်း လူ ၁၅ ဦး ကွပ်မျက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်ဂျုံအန်းဟာ ပါဝါကြီးတဲ့ သူ့ဦးလေးကို ၂၀၁၃ မှာ ကွပ်မျက်ခဲ့။

မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဂျုံအန်းက သူ့ရဲ့ ထိပ်တန်း အရာရှိတွေ အပါအဝင် လူ ၁၅ ဦးကို အခုနှစ် အတွင်း ကွပ်မျက် ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။

လျှို့ဝှက် ထောက်လှမ်းတယ် ဆိုတဲ့ စွဲချက်တွေနဲ့ အဲဒီ လူ ၁၅ ဦးကို မြောက်ကိုရီးယားက ပစ်ခတ် ကွပ်မျက်ခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က ပါလီမန် ဆွေးနွေးပွဲ တစ်ခုမှာ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။

အဲဒီလို ကွပ်မျက် ခံရသူ ၁၅ ဦးထဲမှာ ကင် ဂျုံအန်းရဲ့ ပေါ်လစီတွေကို ဝေဖန်ခဲ့တဲ့ ဒုတိယ ဝန်ကြီး ၂ ဦးလည်း ပါဝင်သလို၊ တူရိယာ ဝိုင်းတစ်ခုရဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

ကင် ဂျုံအန်းဟာ ၂၀၁၃ ခုနှစ်ကလည်း သြဇာ အာဏာကြီးတဲ့ သူ့ရဲ့ ဦးလေး ဖြစ်သူကို ကွပ်မျက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ