ဘော်လ်​တီ​မိုး ရဲ​တွေ​ကို ပုဒ်မ​တပ် အရေးယူ​ရ​မ​လား စဉ်းစား​နေ

baltimore_protests_ ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်ရဲ တွေ ဟာ လူမည်းလူငယ် တွေကို ပစ်မှတ်ထား ခွဲခြား ဆက်ဆံ နေတယ် လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

အမေရိကန် နိုင်ငံ မှာ ဘော်လ်တီမော မြို့ မှာ လူမည်း အမျိုးသား ဖရက်ဒီ ဂရေး တစ်ယောက် ရဲ အချုပ် အနှောင် အတွင်း သေဆုံး ခဲ့မှု နဲ့ ပတ်သက် ပြီး ရဲ အမှုထမ်း ၆ ဦး ကို ပုဒ်မတပ် စွဲဆို ရမလား ဆိုတာ ကို စဉ်းစား နေတယ် လို့ မေရီလဲန်း ပြည်နယ် ရဲ့ အစိုးရ အမှုလိုက် ရှေ့နေ မာရီလဲန် မော့စ်ဘီ က ပြောပါတယ်။

ဒါ့ကြောင့် လူအများ အနေနဲ့ အုံကြွမှု တွေ မလုပ်ပဲ စိတ်ရှည်ရှည် ထားပေး ကြပါ ဆိုပြီး တော့လည်း မာရီလဲန် မော့စ်ဘီ က တိုက်တွန်း ထားပါတယ်။

ဖရက်ဒီ ဂရေး သေဆုံးမှု အတွက် ဘော်လ်တီမော အပါအဝင် နယူးယောက်၊ ဝါရှင်တန် ဒီစီ နဲ့ ဘော်စတွန် မြို့ကြီး တွေ မှာ ဆန္ဒပြမှု တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဖရက်ဒီ ဂရေး ဟာ ရဲတွေ က ထိန်းသိမ်း ထားစဉ် ဘယ်လို ကျောရိုးမကြီး ဒဏ်ရာရ သေဆုံးခဲ့ သလဲ ဆိုတာ ကို စုံစမ်းထား တဲ့ အစီရင်ခံစာ ဟာ မာရီလဲန် မော့စ်ဘီ ထံကို ရောက်လာပြီ ဖြစ်ပါတယ်။

ဒီ စုံစမ်းမှု ကနေ တွေ့ရှိ ထားတဲ့ အသေးစိတ် အချက်အလက် တွေ ကိုတော့ လူအများ ကို ထုတ်ပြန် ထားခြင်း မရှိသေး ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ