မော်စကို သွားမယ့် ခရီးစဉ် ကင်ဂျုံအန်း ဖျက်သိမ်း

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၁ မှာ အာဏာ ရလာပြီးကတည်းက ပြည်ပ ခရီး မထွက်ခဲ့သေး။

လာမယ့် သီတင်းပတ် အတွင်း မော်စကို မြို့မှာ ကျင်းပမယ့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ်လည် အခမ်းအနားကို တက်ရောက်ဖို့ ရှိတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အဲဒီ ခရီးစဉ်ကို ဖျက်သိမ်း လိုက်တယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

ကင်ဂျုံအန်း ဟာ ပြည်တွင်းရေး ကိစ္စတွေကြောင့် အခုလို မြောက်ကိုရီးယား ကနေ မထွက်ခွာဖို့ ဆုံးဖြတ် လိုက်တာလို့ ကရင်မလင် နန်းတော် ပြောခွင့်ရသူ ဒမစ်ထရီ ပက်စကော့ဗ်က ဆိုပါတယ်။

အခုကိစ္စဟာ ကင်ဂျုံအန်းက သူ့ရဲ့ ထိပ်တန်း အရာရှိအချို့ အပါအဝင် လူ ၁၅ ဦးကို တစ်နှစ်အတွင်း ကွပ်မျက် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးနောက် ပေါ်ပေါက် လာတာပါ။

မော်စကိုကို သွားရောက်မယ့် အဲဒီ ခရီးစဉ်ဟာ ကင်ဂျုံအန်း ၂၀၁၁ မှာ အာဏာရလာပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် စီစဉ် ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လကတော့ အဲဒီ အခမ်းအနားကို လာတက်ဖို့ ဖိတ်ကြားချက်ကို ကင်ဂျုံအန်းက လက်ခံခဲ့တယ်လို့ မော်စကိုက အတည်ပြုခဲ့ ပေမယ့် မြောက်ကိုရီးယား ဘက်ကတော့ တရားဝင် သတင်း ထုတ်ပြန်တာ မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ