မာလာလာကို ပစ်ခတ်ခဲ့သူ ၁၀ ဦး ထောင်တစ်သက်စီကျ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ ခုနှစ်က ခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီးနောက် အပြင်းအထန် ဒဏ်ရာရခဲ့။

ကလေးငယ် တွေရဲ့ အခွင့်အရေး အတွက် လှုပ်ရှား ဆောင်ရွက်ခဲ့သူ မာလာလာ ယူဆက်ဇိုင် ကို လွန်ခဲ့တဲ့ ၃ နှစ်က တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွ ၁၀ ယောက်ကို ပါကစ္စတန် တရားရုံးက ထောင်ဒဏ် တစ်သက်စီ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက အသက် ၁၅ နှစ်သာ ရှိသေးတဲ့ မာလာလာကို ကျောင်းကားပေါ်မှာ ခေါင်းကို သေနတ်နဲ့ ပစ်ခတ် ခဲ့တာ ဖြစ်ပြီး အဲဒီ အမှုက တစ်ကမ္ဘာလုံးကို တုန်လှုပ် စေခဲ့ပါတယ်။

မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရဖို့ လှုပ်ရှား ဆောင်ရွက် ခဲ့တဲ့အတွက် ပါကစ္စတန်မှာ ရှိတဲ့ တာလီဘန်တွေက သူ့ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာပါ။

မနှစ်တုန်းကတော့ မာလာလာဟာ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့် ခံခဲ့ရပြီး အသက် အငယ်ဆုံး နိုဘယ် ဆုရှင် ဖြစ်လာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ