ယီမန်လူဦးရေ တဝက်ကျော် ရိက္ခာအခက်အခဲကြုံ

  • 30 ဧပြီ 2015
ယီမန်မှာ တိုက်ပွဲများပြင်းထန် ဓာတ်ပုံ မူပိုင် AFP
Image caption ယီမန်မှာ တိုက်ပွဲများပြင်းထန်

ယီမန်နိုင်ငံမှာ သန်းချီတဲ့ ဒုက္ခသည်တွေဆီ လူသားချင်း စာနာတဲ့ အကူအညီတွေ ပို့နိုင်အောင် စစ်တိုက်နေကြတဲ့ အဖွဲ့တွေအားလုံးက ခွင့်ပြုကြဖို့ ကုလသဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။ လောင်စာပြတ် လပ်တဲ့အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကလည်း အရေးပေါ် အစားအသောက် ဖြန့်ဖြူးမှုရပ်ပစ်ရမယ့် အခြေအနေရောက်နေပြီလို့ ပြောပါတယ်။

ယီမန်နိုင်ငံအနောက်ပိုင်းကို စားနပ်ရိက္ခာပို့ဖို့ ရပ်ထားရာကနေ အခုအခါ ဓါတ်ဆီမရှိလို့ ဂိုဒေါင်တွေကနေ အစားအသောက်တွေ မထုတ်နိုင်တဲ့အတွက် တနိုင်လုံးအတိုင်းအတာနဲ့ ရပ်ဆိုင်းရမယ့် အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် ယီမန် ဆိပ်ကမ်းတွေကို လောင်စာဆီပို့ရေး ပြန်ခွင့်ပြုဖို့ ကုလသမဂ္ဂဘက်က တောင်းဆိုနေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက် မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်တာကို အလွန်စိုးရိမ်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တလခွဲလောက်အတွင်း လူပေါင်း၁၂၀၀ကျော်သေပြီး လူ၃သိန်းလောက် နေအိမ်တွေကနေ ထွက်ပြေးခဲ့ရပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ အေဒင်ဆိပ်ကမ်းမြို့မှာဆို အိုင်စီအာစီ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ခွဲစိတ်ကုသတဲ့ ဆရာဝန်တွေ ဒေသခံ ဝန်ထမ်းတွေနဲ့ လူနာတွေဟာ တိုက်ပွဲတွေ ကြားပိတ်မိနေလို့ ဆေးရုံကနေ စွန့်ခွာထွက်ပြေး ရပါတယ်

ဒါ့အပြင် ဆာနားမြို့က ဆေးရုံမှာလည်း လောင်စာဆီ ပြတ်နေတဲ့အတွက် လူနာတင် ကားတွေမထွက်နိုင်သလို ဂျင်နရေတာ တွေလည်း မမောင်းနိုင်လို့ မီးမရပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဆေးရုံ ဆေးခန်းတွေကို အတိုက်ရပ်ကြဖို့ အလွန်ဆိုးနေတဲ့ ယီမန်က ဒုက္ခရောက်နေသူတွေ ဒိထက် အခြေအနေ ပိုမဆိုးရအောင် လောင်စာတင်သွင်းတာကို လည်းချက်ခြင်းခွင့်ပြုကြဖို့ ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်က ယီမန်က လူမှုဒုက္ခအကြပ်အတည်းနဲ့ ပတ်သက်လို့ တောင်းဆိုလိုက်ပါတယ်။