အမေ​ရိ​ကန်​ကုန်သွယ်​သင်္ဘော​တွေ​ကို စစ်သင်္ဘော အစောင့်​အရှောက် ပေး​မ​ယ်

  • 30 ဧပြီ 2015
_cargo_ship_ ဓာတ်ပုံ မူပိုင် AFP
Image caption ဟိုမူးဇ် လမ်းကြောင်း ဟာ မဟာဗျူဟာ အချက်အချာ ကျတဲ့ ပင်လယ် ရေကြောင်းလမ်း ဖြစ်ပါတယ်။

အာရေဗျ ပင်လယ်နဲ့ ပါရှဲန်း ပင်လယ်ကွေ့ ကို ဆက်သွယ် ပေး ထားတဲ့ ဟိုမူးဇ် ကမ်းမြှောင် ကို အမေရိကန် သင်္ဘော တွေ ဖြတ်သန်း ချိန် မှာ စစ်သင်္ဘော အစောင့် အရှောက် လိုက် ပေးမယ် ဆိုပြီး အမေရိကန် စစ်ဘက် က ကြေညာ လိုက်ပါ တယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ က မာရှယ် ကျွန်းနိုင်ငံ အလံ လွှင့်ထူ ထားတဲ့ ကုန်တင် သင်္ဘောကို အီရန် စစ်တပ် က ထိန်းချုပ် လိုက် ပြီးတဲ့ နောက် အမေရိကန် ဘက် က အခုလို ကြေညာချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

အီရန်က တော့ သူတို့ ထိန်းချုပ် လိုက်တဲ့ သင်္ဘော ပိုင်ရှင် က အီရန် ကို ရှင်း မပေး ရသေးတဲ့ ကြွေးကျန် တွေ ရှိနေပြီး၊ အကြွေး ကိစ္စ ပြေလည် သွားရင် ဝန်ထမ်း တွေ အပါအဝင် အဲဒီ့ ကုန်တင် သင်္ဘော ကို ပြန်လွှတ် ပေးမယ် လို့ ပြောထား ပါတယ်။

ဟိုမူးဇ် ကမ်းမြှောက် ရေလမ်း ကြောင်း ဟာ ပင်လယ် ရေကြောင်း သွားလာရေး မှာ မဟာဗျုဟာ မြောက် အရေးကြီးဆုံး ဆက်သွယ်ရေး လမ်းကြောင်း တွေထဲ က တစ်ခု ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ